
မြောက်အမေရိကဒေသရှိ ရုပ်ရှင်ရုံများ၌ ရုံတင်ပြသသည့်ရက် ၄၀ ကျော် ရှိနေပြီဖြစ်သော်လည်း နာမည်ကြီး ၀ါရင့်သရုပ်ဆောင် The Rock ပါဝင်ထားသော အမေရိကန် စိတ်ကူးယဉ်၊ စွန့်စားခန်းအက်ရှင်ဇာတ်ကား Jungle Cruise သည် boxoffice ၏ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဇာတ်ကားများစာရင်းထဲတွင် ပါဝင်နေဆဲဖြစ်သည်။
Jungle Cruise ဇာတ်ကားကို အမေရိကန်အပါအဝင် နိုင်ငံတကာရုပ်ရှင်ရုံများ၌ ဇူလိုင် ၃၀ ရက်မှစ၍ ရုံတင်ပြသခဲ့ခြင်းဖြစ်ကာ လတ်တလောအချိန်အထိ ဝင်ငွေဒေါ်လာသန်း ၁၉၀ ကျော်ရရှိထားသော ဇာတ်ကားလည်းဖြစ်သည်။
Jungle Cruise ဇာတ်ကားကို စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ မြောက်အမေရိက၌ သုံးရက်တာ ရုံတင်ပြသမှုမှ ဝင်ငွေဒေါ်လာ ၄ သန်းကျော်ရရှိခဲ့ပြီး boxoffice ဝင်ငွေအကောင်းဆုံး ဇာတ်ကားစာရင်းတွင် နံပါတ်လေးနေရာ၌ ရပ်တည်လျက်ရှိသည်။
ဒါရိုက်တာ Jaume Collet Serra ရိုက်ကူးထားသော ယင်းဇာတ်ကားသည် Disney ၏ စိတ်ကူးယဉ်ရိုက်ကွင်းနောက်ခံကို အခြေခံပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပြီး Walt Disney Pictures က ထုတ်လုပ်ဖြန့်ချိထားသည်။
Jungle Cruise ဇာတ်ကားကို ပြီးခဲ့သည့်နှစ်တွင် ရုံတင်ပြသရန် စီစဉ်ထားခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေမှုများကြောင့် တစ်နှစ်ရွှေ့ဆိုင်းခဲ့ရသည်။
အမေရိကန်၌ စတင်ရုံတင်ပြသသည့် ဇူလိုင် ၃၀ ရက်၌ပင် ရုပ်သံလိုင်းများဖြစ်သော Disney+ နှင့် Premier Access တို့တွင် ထုတ်လွှင့်ပြသခဲ့သည်။
Jungle Cruise ဇာတ်ကားတွင် ရဲဝံ့သော အမျိုးသမီးသုတေသနပညာရှင် ဒေါက်တာ Lily Houghton နှင့် ပြက်လုံးထုတ်တတ်ပြီး ပျော်ပျော်ရွှင်ရွှင်နေတတ်သူ အပျော်စီးခရီးသည်တင်သင်္ဘောငယ် မာလိန်မှူး Frank Wolff တို့၏ တောတွင်းစွန့်စားခန်းထွက်သည့်အကြောင်းကို ရိုက်ကူးထားခြင်းဖြစ်သည်။
၁၆ ရာစုအတွင်း Dan Aguirree အမည်ရှိ လူတစ်ဦး ဦးဆောင်သော စပိန်စွန့်စားသူများသည် သော်တာမျက်ရည်ဟု ခေါ်ဆိုလေ့ရှိသည့် ဒဏ္ဍာရီလာအပင်တစ်ပင်ကို ရှာဖွေရန် တောင်အမေရိကသို့ ခရီးနှင်ခဲ့ကြသည်။
သော်တာမျက်ရည်အပင်သည် ရောဂါမှန်သမျှကို ပျောက်ကင်းစေကာ ထိခိုက်ဒဏ်ရာမှန်သမျှကို သက်သာစေပြီး ကျိန်စာသင့်မှုမှန်သမျှကိုလည်း ပြေစေသည်ဟု အများယုံကြည်နေကြသည့် ဆေးဖက်ဝင်အပင်ဖြစ်သည်။
တောတွင်း၌ ထိုအပင်ရှာထွက်ရင်း လူအများအပြားသေဆုံးခဲ့ပြီး အသက်ရှင်ကျန်ရစ်သူများအား တောတွင်းနေ ဒေသခံလူမျိုးစုတစ်စုက ဆေးကုသမှုပေးသည့်အခါ သေခါနီးဆဲဆဲလူနာများ ပြန်လည်နာလန်ထလာခဲ့သည်။ ထို့ကြောင့် စပိန်စွန့်စားသူများက ဒေသခံလူမျိုးစုကို သော်တာမျက်ရည် အပင်တည်ရှိရာနေရာကို မေးမြန်းရာ၌ မပြောပြသည့်အတွက် လူမျိုးစုများကို သတ်ဖြတ်၍ ၎င်းတို့နေထိုင်ရာကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့သည်။
ထိုအချိန်တွင် လူမျိုးစုခေါင်းဆောင်က စပိန်များအား တောတွင်းစောင့် မသေမျိုးများအဖြစ် ကျိန်စာတိုက်ခဲ့သည်။
ယင်းဖြစ်ရပ်များဖြစ်ပွားပြီး ၁၉၁၆ ခုနှစ် လန်ဒန်၌ ရုက္ခဗေဒဆိုင်ရာ သုတေသနပညာရှင် Lily သည် ဆေးစွမ်းထက်သည့် သော်တာမျက်ရည် အပင်ကို ရှာဖွေ၊ သုတေသနပြုရန် စိတ်ဆန္ဒပြင်းပြနေသည်။
ယင်းအပင်တည်ရှိရာ နေရာထံသို့ ညွှန်ပြနိုင်သည့် အရာတစ်ခုကို Lily နှင့်၎င်းင်း၏အစ်ကိုဖြစ်သူတို့ အခက်အခဲကြားမှ ရရှိလာခဲ့ပြီး ထိုအရာပြညွှန်သော တောတွင်းသို့ သွားရောက်ရန် Frank ၏ အသေးစားသင်္ဘောတွင် လိုက်ပါစီးနင်းခဲ့ကြပြီးနောက် ၎င်းတို့သုံးဦးသား တွေ့ကြုံရင်ဆိုင်ကြရသည့် အဖြစ်အပျက်များ၊ အတိတ်အကြောင်းအမှန်ကို ဖုံးကွယ်ထားသော Frank ၏ ရည်ရွယ်ချက်အမှန်၊ ၎င်းတို့သုံးဦးကဲ့သို့ သော်တာမျက်ရည်အပင်ကို ရှာဖွေနေကြသူများ၏ နှောင့်ယှက်ဟန့်တားမှုနှင့် ကျိန်စာတိုက်ခံထားရသော တောတွင်း၌ ကြုံတွေ့ရမည့် အန္တရာယ်များကို Jungle Cruise ဇာတ်ကားတွင် စိတ်လှုပ်ရှားဖွယ် ကြည့်ရှုခံစားရမည်ဖြစ်သည်။
ဒေါ်လာ သန်း ၂၀၀ နီးပါး အကုန်ကျခံရိုက်ကူးထားသော ယင်းဇာတ်ကားတွင် Frank ဇာတ်ကောင်နေရာ၌ The Rock ဟု အသိများသည့် မင်းသားကြီးဒွိန်းဂျွန်ဆင်၊ Lily ဇာတ်ကောင်နေရာ၌ Emily Blunt တို့ ပါဝင်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား
-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်
-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား
-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ
-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်