Miss Earth ၂၀၁၆ ပြိုင်ပွဲ၏ People's Choice ဆုနှင့် Miss Photogenic ဆုတို့ အတွက် မြန်မာအလှမယ် နန်းခိုင်ရွှေဝါဝင်းအား အွန်လိုင်းမှတစ်ဆင့် Vote ပေးနိုင်ကြောင်း သိရသည်။ အွန်လိုင်း Voting အတွက် www.missearth.tv/photogenic.php သို့ဝင်ရောက်ခါ Vote ပေးနိူင်ပြီး၊ Missosology ၏ People's Choice Voting တွင်လည်း ဝင်ရောက်ကာ Vote ပေးနိုင်ကြောင်း သိရသည်။ “နန်းခိုင်ရွှေဝါဝင်းကို အွန်လိုင်းကနေတစ်ဆင့် Vote လုပ်ပေးနိုင်ပါတယ်။ မဲအရေအတွက် အများဆုံးရတဲ့ အလှမယ်ကို နောက်ဆုံးအဆင့်ပြိုင်ပွဲ ကျင်းပတဲ့နေ့မှာ Miss Earth ရဲ့ Title ဆုတွေထဲက Miss Photogenic ဆုနဲ့ People's Choice ဆုကို ချီးမြှင့်ပေးသွားမှာပါ။ အခုက ပြိုင်ပွဲရဲ့တရားမဝင် Voting Link တွေကိုလည်း Share ပြီး အားပေးနေကြတော့ တကယ့် Official Link မှာက ပရိသတ်အားပေးမှု လျော့နည်းနေပါတယ်။ Miss Earth ၂၀၁၆ နောက်ဆုံးအဆင့် ရွေးချယ်ပွဲက အောက်တိုဘာ ၂၉ ရက်မှာ ကျင်းပသွားမှာပါ” ဟု Miss Golden Land Myanmar Organization မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ Miss Earth ၂၀၁၆ ပြိုင်ပွဲကို အောက်တိုဘာ ၆ ရက်မှ ၂၉ ရက်အထိ၊ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပလျက်ရှိပြီး နိုင်ငံပေါင်း ၉၀ ကျော်မှ အလှမယ်များ ပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ် နန်းခိုင်ရွှေဝါဝင်းမှာ ကရင်တိုင်းရင်းသူတစ်ဦးဖြစ်ပြီး အသက် ၁၈ နှစ်ဖြစ်ကြောင်း သိရသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်