သရီးဒီ အန်နီမေးရှင် ကာတွန်းရုပ်ရှင်ဇာတ်ကား The BFG (Big Friendly Giant) ရုပ်ရှင်ကို ရန်ကုန်နှင့် မန္တလေးမြို့ရှိ ရုပ်ရှင်ရုံများတွင် အောက်တိုဘာ ၂၁ ရက်မှ စတင်ကာ ပြသထားသည်ဟု သိရသည်။လန်ဒန်မြို့ရှိ မိဘမဲ့ကလေးကျောင်းတစ်ခုတွင် နေထိုင်နေသည့် ကလေးငယ်များတွင် မိန်းကလေးငယ်လေး Sophie တစ်ယောက် ဧရာမလူသားကြီးတစ်ဦးဖြစ်သည့် BFG ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရတော့သည်။ အဆိုပါ ဧရာမလူသားကြီးများသည် လူသားတို့မသိသည့် လျှို့ဝှက်ကမ္ဘာတစ်ခုအသွင် နေထိုင်နေကြကာ အများစုမှာ ဆိုးသွမ်းသူများဖြစ်ပြီး ကလေးငယ်များကို ဖမ်းဆီးလေ့ရှိသူများ ဖြစ်သည်။ သို့သော် BFG ကမူ အခြားသော ရိုင်းစိုင်းသည့် ဧရာမ လူသားများနှင့်အတူပဲ နူးညံ့သိမ်မွေ့သည့် စိတ်ထားရှိသူဖြစ်ရာ BFG နှင့် Sophie နှစ်ယောက်ပူးပေါင်းပြီး အင်္ဂလန်ဘုရင်မကြီးထံသို့ ကလေးများ ပျောက်ဆုံးနေရခြင်း အကြောင်းနှင့် ဆိုးသွမ်းသည့် ဧရာမ လူသားကြီးများအကြောင်း လျှောက်ထားကာ နှိမ်နင်းရန်ကြိုးစားသည်များကို ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်သည်။ The BFG သရီးဒီ အန်နီမေးရှင်းရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ Steven Spielberg ရိုက်ကူးပြီး Mark Rylance, Ruby Barnhill, Penelope Wilton တို့ အဓိက ပါဝင် သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကို ရန်ကုန်မြို့ရှိ Mingalar Cineplex (ဂမုန်းပွင့်) ရုပ်ရှင်ရုံနှင့် မန္တလေးမြို့ရှိ Mingalar Diamond Cineplex ရုပ်ရှင်ရုံများတွင် အောက်တိုဘာ ၂၁ ရက်မှ စတင်ကာ ရုံတင် ပြသထားသည်ဟု သိရသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်