Big Bag နှင့် ဂျီလတ်တို့၏ Youk $hi Accoustic ဂီတဖျော်ဖြေပွဲကို အောက်တိုဘာ ၂၉ ရက်တွင် ရန်ကုန်မြို့ မြရိပ်ညိုဟိုတယ်၌ ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲတွင် ဧည့်သည် အဆိုရှင်များအဖြစ် The Marionette နှင့် Emily Bo တို့က ပါဝင်သီဆိုဖျော်ဖြေရန် စီစဉ်ထားခြင်း ဖြစ်သည်။ လက်မှတ်များကို ကျပ် ၉၀၀၀ ဟု သတ်မှတ် ရောင်းချမည်ဖြစ်ကြောင်း သိရသည်။“ကျွန်တော်တို့ ဒီနှစ်ထဲတော့ ရှိုးဆိုဖြစ်တာ နည်းနည်း များပါတယ်။ Tour တွေရော ရိုးရိုးရှိုးတွေရောဆိုတော့ ပွဲတော့ နည်းနည်းများတယ်။ သီချင်းတွေထပ်မှာ ကျွန်တော်တို့ အတွက်က သိပ်စိတ်ပူစရာ မရှိဘူး။ သီချင်းပုဒ်ရေ ရာနဲ့ချီ ရှိနေတော့ တစ်ပွဲနဲ့ တစ်ပွဲက ပုံစံ လုံးဝတူမှာ မဟုတ်ဘူး။ သေချာတယ်။ ဒီပွဲကလည်း ထူးထူးခြားခြားလေး ဖြစ်မှာပါ။ ကျွန်တော်တို့ သေချာလေး ပြင်ဆင်ထားတယ်” ဟု အဆိုတော် ကျားပေါက်က ဆိုသည်။ယင်းဂီတဖျော်ဖြေပွဲတွင် ပါဝင်သီဆိုမည့် အဆိုတော် ဂျီလတ်ကလည်း “ဒီပွဲက ထူးခြားပါတယ်။ ကျွန်တော့်အနေနဲ့ ဒီပွဲအတွက်ကို တော်တော်လေး ပြင်ဆင်ထားပါတယ်။ အစွန်းနှစ်ဖက် အခွေထဲက သီချင်းတွေ အများစု ဆိုဖြစ်ပါမယ်။ တစ်ခွေလုံးနီးပါး ဆိုဖို့ရှိမယ်။ Version လေးတွေလည်း ပြောင်းပြီး ဆိုဖြစ်ပါမယ်။ ကျွန်တော့်ပရိသတ်တွေအတွက်တော့ ထူးခြားမယ် ထင်ပါတယ်” ဟု ဆိုသည်။Youk $hi Accoustic ဂီတဖျော်ဖြေပွဲတွင် အဆိုတော်ဂျီလတ်သည် NC13 တီးဝိုင်းနှင့် တွဲဖက်ဖျော်ဖြေမည်ဖြစ်ပြီး အစွန်းနှစ်ဖက် တေးစီးရီးမှ တေးသီချင်း အများစုဖြင့် သီဆို ဖျော်ဖြေမည်ဖြစ်ကာ ရှိုးပွဲများတွင် သီဆိုမှု နည်းပါးသည့် တေးသီချင်းအချို့ကိုလည်း ရွေးချယ် သီဆိုသွားရန် စီစဉ်ထားသည်ဟု သိရသည်။Big Bag အဖွဲ့အနေဖြင့်လည်း Accoustic ပုံစံဖြင့် တေးသီချင်းများစွာအား သီဆိုဖျော်ဖြေသွားရန် စီစဉ်ထားသည်ဟု သိရသည်။ Big Bag နှင့် ဂျီလတ်တို့၏ နှစ်ယောက်တွဲ ဂီတတင်ဆက်မှုမှာ ထူးခြားသည့်အတွက် ပရိသတ် စိတ်ဝင်စားမှုမှာလည်း များပြားလျက် ရှိကြောင်း သိရသည်။ Big Bag အဖွဲ့သည် လတ်တလောတွင် MMM Music Tour တွင် လှည့်လည်ဖျော်ဖြေလျက်ရှိပြီး အဆိုတော်ဂျီလတ်မှာ တန်ဆောင်မုန်းလပြည့်ညတွင် ပြုလုပ်မည့် ဆေးပေါင်းခတဲ့ည ဂီတဖျော်ဖြေပွဲတွင်လည်း ပါဝင်သီဆိုရန် စီစဉ်ထားသည်ဟု သိရသည်။
-
မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးသို့ နစကဥက္ကဋ္ဌတက်ရောက်ပြီး နိုင်ငံအချင်းချင်းနှင့် ဘက်စုံပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်များအပါအဝင် အခြားနိုင်ငံတကာ ကတိကဝတ်များကို မြန်မာအနေဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
-
ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝမှ အနားယူသွားပြီဖြစ်သည့် စပိန်ဂန္ထဝင် အင်နီယေစတာ ဒိန်းမတ်တတိယတန်းကလပ်၏ ပူးတွဲအသင်းပိုင်ရှင်ဖြစ်လာ
-
MNL ကလပ်များအတွက် ယခုရာသီတွင် ကျင်းပနေသည့် ပြိုင်ပွဲအားလုံး၌ ရှမ်းယူနိုက်တက်အသင်း ဗိုလ်စွဲရန် အခြေအနေကောင်းနေ
-
UEFA Nations League ပွဲစဉ်များပွဲကြိုသုံးသပ်ချက်
-
Nations League ကွာတားဖိုင်နယ်သို့ ပေါ်တူဂီနှင့် နယ်သာလန်အသင်း ထပ်မံတက်ရောက်ခဲ့ပြီး ဂျာမနီအသင်း ပြိုင်ပွဲသမိုင်းတွင် ဂိုးအပြတ်ဆုံးနိုင်ပွဲ စံချိန်တင်