မြန်မာနိုင်ငံအပေါ် ပံ့ပိုးကူညီသွားရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်မည့် Team Europe ၏ အထူးလုပ်ဆောင်မှု အစီအစဉ်များကို လုပ်ဆောင်သွားမည်ဟု ဥရောပသမဂ္ဂ (EU) က ဇူလိုင် ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
ယင်းကြေညာချက်တွင် ဥရောပသမဂ္ဂအနေဖြင့် ကပ်ဘေးကြောင့် အသက်ဆုံးရှုံးသွားသော မြန်မာနိုင်ငံသားအားလုံးအတွက် ဝမ်းနည်းကြောင်း ပြောကြားလိုသည်ဟု ဖော်ပြထားသည်။
COVID-19 ရောဂါသည် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ကပ်ဘေးရောဂါတစ်ခု ဖြစ်ပြီး မြန်မာနိုင်ငံသို့ ယခင်ကနှင့်မတူဘဲ ဆိုးရွားစွာ ရောက်ရှိလာပြီဖြစ်ကြောင်း၊ EU သံရုံးမှ ဒေသခံတစ်ဦးသည် ဇူလိုင် ၂၁ ရက်တွင် COVID-19 ရောဂါဖြင့် ကွယ်လွန်သွားခဲ့ကြောင်း၊ အဆိုပါဆုံးရှုံးမှုအတွက် EU အနေဖြင့် ယင်းဝန်ထမ်းမိသားစုနှင့်အတူ ထပ်တူဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် မြန်မာနိုင်ငံသားများအား ကူညီပံ့ပိုးရန်အတွက် EU အနေဖြင့် မည်သို့ လုပ်ဆောင်နိုင်သည်ကို အလေးအနက်စဉ်းစားရမည့်အချိန်ဖြစ်ပြီး EU ၏ အားထုတ်ကြိုးပမ်းမှုအား ပိုမိုလုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်လိုက်ကြောင်း ဖော်ပြပါရှိသည်။
ဥရောပသမဂ္ဂသည် ၎င်းတို့၏ ရန်ပုံငွေ အထောက်အပံ့ကို ရရှိထားသောသူများအတွက် အထူးသဖြင့် Global Fund ၊ COVAX အဖွဲ့များသာမက အခြားသောအဖွဲ့များနှင့် မြန်မာနိုင်ငံအတွက် ပံ့ပိုးကူညီမှု၊ အောက်ဆီဂျင်၊ စမ်းသပ်စစ်ဆေးမှုများနှင့် ကာကွယ်ဆေးများ ရရှိစေရန်အတွက် ချိတ်ဆက်လုပ်ဆောင်၍ ပိုမိုအားထုတ်ကြိုးပမ်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါရှိသည်။
ထို့ပြင် ယင်းအကူအညီများအား အထိရောက်ဆုံး ပံ့ပိုးကူညီသွားရန်အတွက် ပုဂ္ဂလိကကုမ္ပဏီများနှင့် လက်တွဲလုပ်ဆောင်သွားမည့် Team Europe ၏ အထူးလုပ်ဆောင်မှု အစီအစဉ်များကိုလည်း လုပ်ဆောင်သွားမည် ဖြစ်သည့်အပြင် ကူညီပံ့ပိုးမှုများကို ပိုမိုလုပ်ဆောင်သွားမည်ဟု ဥရောပသမဂ္ဂ (EU) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
-
မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ
-
အာမိုရင်မ်နှင့် သူငယ်ချင်းဆက်ဆံရေးကြောင့် မန်ယူအသင်းသို့ စီရော်နယ်လ်ဒို ပြန်လာနိုင်ကြောင်း အသင်းတိုက်စစ်မှူးဟောင်း ဆာဟာ သုံးသပ်
-
ဂွါဒီယိုလာကြောင့် အင်္ဂလိပ်ဘောလုံးလောကကို မန်စီးတီးအသင်း ဆက်လက်လွှမ်းမိုးမည့်အပေါ် ပြိုင်ဘက်အသင်းပရိသတ်များ စိုးရိမ်
-
မန်စီးတီး၏စိတ်ဝင်စားခြင်းကို ခံနေရပြီး ဂွါဒီယိုလာနှင့် စကားပြောဖူးသော်လည်း နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေကြောင်း ဂီမာရေ့စ် ဖွင့်ဟ
-
ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး ကိန်းဂဏန်းများ