အဆိုတော်ရီဟားနားက ခြောက်နှစ်အကြာတွင် ၎င်း၏ပထမဆုံး တစ်ကိုယ်တော်သီချင်းသစ်တစ်ပုဒ် ထွက်ရှိလာခဲ့ပြီး ယင်းသီချင်းသည် အသစ်ထွက်ရှိလာမည့် Black Panther နောက်ဆက်တွဲဇာတ်လမ်းတွဲ ဇာတ်ဝင်တေးဖြစ်လာလိမ့်မည်ဟု သိရသည်။
ရီဟားနားက ယခုသီတင်းပတ်အစောပိုင်းတွင် လူမှုမီဒီယာ၌ ဂီတလောကသို့ ပြန်လည်ဝင်ရောက်မှုအဖြစ် ယင်းတေးသီချင်းကို အမြည်းထုတ်ပြန်ခဲ့ပြီးနောက် အောက်တိုဘာ ၂၈ ရက်၌ Lift Me Up သီချင်းကို တရားဝင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ယင်းတေးသီချင်းသည် နိုဝင်ဘာတွင်ထွက်ရှိလာမည့် Marvel ၏ Black Panther: Wakanda Forever တွင် ဇာတ်ဝင်တေးအ ဖြစ် ပါဝင်လာလိမ့်မည်ဖြစ်သည်။
ယင်းဇာတ်လမ်းတွင် ရီဟားနား၏ တစ်စိတ်တစ်ပိုင်းပါဝင်မှုသည် ကွယ်လွန်သွားပြီဖြစ်သော သရုပ်ဆောင်ချက်ဝစ်ဘို့စ်မန်းကို ဂုဏ်ပြုခြင်းဖြစ်ကြောင်း ဒါရိုက်တာရိုင်ယန်ကူးဂလာက ပြောကြားခဲ့သည်။
“အရိုးသားဆုံးပြောရရင် ဒါဟာ ချက်ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီကိစ္စဖြစ်လာဖို့ဆိုတာ မလွယ်ကူဘဲ ရီဟားနားက ချက် အတွက် လုပ်ပေးခဲ့တယ်ဆိုတာ သိသာပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
ဘို့စ်မန်းသည် Black Panther ပထမဆုံးရုပ်ရှင်တွင် ပါဝင်ခဲ့ပြီး Da 5 Bloods၊ 21 Birdges နှင့် အဆိုတော် ဂျိမ်းဘွန်း၏ အတ္ထုပတ္တိရုပ်ရှင်ဖြစ်သော Get On Up တို့ တွင်လည်း ပါဝင်ခဲ့သည်။
ဘို့စ်မန်းသည် အူမကြီးကင်ဆာဖြစ်ပွားခဲ့ပြီးနောက် လေးနှစ်အကြာ ၂၀၂၀ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ လွန်ခဲ့သည့်နှစ်က သူသည် Ma Rainey’s Black Bottom ရုပ်ရှင်တွင် ၎င်း၏ထူးချွန်သော သရုပ်ဆောင်မှုအတွက် အော်စကာဆု ဆန်ခါတင်စာရင်းဝင်ခဲ့သည်။
“ရီဟားနားဟာ စီးပွားရေး၊ မိခင်တာဝန် စတဲ့မတူညီတဲ့အရာတွေကို အာရုံစိုက်နေတဲ့အချိန်မှာ ကျွန်တော်တို့ရုပ်ရှင်ကလည်း တစ် စိတ်တစ်ပိုင်း ပါဝင်လာတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်”ဟု ကူးဂလာက ပြောကြားခဲ့သည်။
Lift Me Up သီချင်းကို ရီဟားနား၊ ကူးဂလာနှင့် နိုက်ဂျီးရီးယားအဆိုတော်တစ်ဦးလည်းဖြစ်ပြီး တေးရေးတစ်ဦးလည်းဖြစ်သည့် Tems တို့ အတူတကွ ပူးပေါင်းရေးသားထားခြင်းဖြစ်သည်။
-
ယခုရာသီ ပရီးမီးယားလိဂ် (၆)ပွဲတွင် (၁)ပွဲသာ အနိုင်ရထားသော်လည်း ချယ်လ်ဆီးအသင်း အောင်မြင်မှုများရယူနိုင်မည်ဟု နည်းပြ ပိုချက်တီနို ကတိပေး
-
ပွဲထွက်ခွင့်အတွက် သက်သေပြရန် စမစ်ရိုးကို အာတီတာ စိန်ခေါ်
-
စပိန်နောက်ခံလူ ရာမို့စ်၏နေအိမ် ဓားပြတိုက်ခံရ
-
ဒေးဗစ်ရာယာက အာဆင်နယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမလား
-
ဆန်ချိုအား ခေါ်ယူရန် ရိုးမားအသင်း စောင့်ကြည့်နေ