Top News

Black Adam ရုပ်ရှင်က မြောက်အမေရိက box office တွင် ထိ်ပ်ဆုံး၌ ရပ်တည်လျက်ရှိ
24htopnews | May 31, 2024 7:12 PM CST

မင်းသား ဒရိန်းဂျွန်ဆင်ပါဝင်ထားသည့် Black Adam ရုပ်ရှင်သည် ရုပ်ရှင်ရုံများတွင် ၎င်း၏ ဒုတိယသီတင်းပတ်ကုန် ရောက်ရှိနေချိန်၌ မြောက်အမေရိက box office တွင်ထိပ်ဆုံးနေရာကို ဆက်လက်ရယူထားသည်။

Black Adam သည် လက်မှတ်ရောင်းချရငွေ ဒေါ်လာ ၂၇.၇ သန်း ထပ်ပေါင်းထည့်လျှင် ၎င်း၏ ပြည်တွင်းဝင်ငွေစုစုပေါင်းသည် ဒေါ်လာ ၁၁၁.၁ သန်းရှိလာခဲ့သည်ဟု သိရသည်။

ဂျွန်ဆင်သည် ယင်းဇာတ်ကောင်ကို ဖန်သားပြင်ပေါ်တွင် ပြသနိုင်ရန် ဆယ်နှစ်ကြာကြိုးစားခဲ့ပြီး Superman ပါဝင်သည့်နောက်ဆက်တွဲများအတွက် မျှော်မှန်းချက်ရှိနေသည်။

သို့သော် Black Adam ၏အနာဂတ်ကို မခန့်မှန်းနိုင်သေးသော်လည်း ကမ္ဘာတစ်ဝန်းလုံးအတိုင်းအတာဖြင့် ဝင်ငွွေဒေါ်လာသန်း ၂၅၀ ရရှိခဲ့သည်။

Warner Bros ရုပ်ရှင်ဖြစ်သည့် Black Adam သည် စျေးကွက်ရှာဖွေရေးနှင့် ကြော်ငြာကုန်ကျစရိတ်မပါဝင်ဘဲ ဒေါ်လာသန်း ၂၀၀ ရရှိထားပြီး နောက်ဆက်တွဲရုပ်ရှင်ထွက်ရှိခြင်းရှိ၊မရှိ တရားဝင်ထုတ်ပြန်ထားခြင်းမရှိပေ။

ဂျူလီယာရောဘတ်နှင့် ဂျော့ချ်ကလိုနီတို့ပါဝင်ထားသည့် Ticket To Paradise ဟာသအချစ်ရုပ်ရှင်က မြောက်အမေရိကတွင် ဝင်ငွေဒေါ်လာ ၁၀ သန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး ခြောက်ခြားဖွယ်ရုပ်ရှင်ဖြစ်သည့် Prey For The Devil က မြောက်အမေရိကတွင် ဝင်ငွေဒေါ်လာ ခုနစ်သန်းဖြင့် တတိယနေရာတွင် ရှိနေသည်။


READ NEXT
Cancel OK