အောက်တိုဘာ ၂၀ ရက်တွင် ပြုလုပ် ကျင်းပသည့် ၁၂ ကြိမ်မြောက် Beautiful Artist Awards ဆုပေးပွဲတွင် တစ်နှစ်တာအ ကောင်းဆုံးမင်းသားဆုကို ရရှိခဲ့သည့် ဒုန်လီဟု လူသိများသော မင်းသားမာဒေါင်ဆော့က ဆုလက်ခံရရှိသည့် မိန့်ခွန်း၌ သူသည်၂၀၁၆ ခုနှစ်ကတည်းက တွဲနေသည့် မင်းသမီးရီဂျွန်ဟွနှင့် လက်ထပ်ထိမ်းမြားခဲ့ပြီးဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
“ကျွန်တော့်ကို ဒီအံ့သြဖွယ်ဆုပေးပွဲအခမ်းအနားကို ဖိတ်ကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အရမ်းကျေးဇူးတင်ပြီး ပျော်ရွှင်မိပါတယ်။ ကျွန်တော်ကိုယ့်ကိုယ် ကိုယ်မင်းသားတစ်ယောက်အနေနဲ့ရော ပရိုဂျူဆာတစ်ယောက်အနေနဲ့ပါ ကြိုးစားဖို့လို သေးတယ်လို့ ခံစားနေရပေမဲ့လည်း ဒီလိုအဓိပ္ပာယ်ရှိတဲ့ ဆုကို ချီးမြှင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်အနေနဲ့ ဒီဆုကို အားပေးတိုက်တွန်းတဲ့အဓိပ္ပာယ်အနေနဲ့ ကျေးဇူးတင်စွာ လက်ခံလိုပါတယ်”ဟု မာဒေါင်ဆော့က ပြောကြားခဲ့သည်။
ဆက်လက်ပြီး မာဒေါင်ဆော့က “ကျွန်တော့်အနေနဲ့ ပိုပြီးကောင်းမွန်တဲ့ အက်ရှင်ရုပ်ရှင်ကားတွေနဲ့ ပိုမိုကောင်းမွန်တဲ့ စွမ်းအင် တွေကို အနာဂတ်မှာ ပြန်လည်ပေးဆပ်သွားပါ့မယ်။ The Roundup 2 ရုပ်ရှင်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကျွန်တော့်ရဲ့ ချစ်ဇနီး လေး ဂျွန်ဟွကို ကျေးဇူးတင်ချင်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
မာဒေါင်ဆော့နှင့် ရီဂျွန်ဟွတို့သည် အသက် ၁၇ နှစ်ကွာဟပြီး ၂၀၁၆ ခုနှစ်ကတည်းက တွဲနေကြခြင်းဖြစ်သည်။
၎င်းတို့နှစ်ဦး၏ ဆက်ဆံရေးကာလကြာမြင့်လာမှုနှင့်အတူ လူအများအပြားက ၎င်းတို့နှစ်ဦး လက်ထပ်ထိမ်းမြားမည့်သတင်း နှင့်ပတ်သက်၍ စိတ်ဝင်စားနေကြသည်။
အစောပိုင်းက လွန်ခဲ့သည့်နှစ်တွင် လော့အိန်ဂျလိစ်၌ပြုလုပ်သည့် Marvel ရုပ်ရှင် Eternals ရုံတင်ပြသချိန်တွင် မာဒေါင်ဆော့ နှင့်အတူ ရီဂျွန်ဟွလည်း လိုက်ပါလာခဲ့ပြီး ၎င်း၏ဇနီးလောင်းဖြစ်ကြောင်း မာဒေါင်ဆော့က မိတ်ဆက်ပေးခဲ့သည်။
“ဒါဟာ မာဒေါင်ဆော့က ရီဂျွန်ဟွကို သူ့ရဲ့ဇနီးအဖြစ် ပထမဆုံး လူသိရှင်ကြား မိတ်ဆက်ပေးတာဖြစ်ပါတယ်။ သူတို့တွေ တရား ဝင် လက်ထပ်ပြီးပါပြီ။ သူတို့တွေ လွန်ခဲ့တဲ့နှစ်က လက်ထပ်စာချုပ်လုပ်ပြီးပါပြီ။သူတို့နှစ်ဦးလုံး အလုပ်အချိန်ဇယားတွေနဲ့ ပြည့်နေလို့ မကြာမီမှာ လက်ထပ်ပွဲအခမ်းအနားတစ်ခု ပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်” ဟု မာဒေါင်ဆော့၏အေဂျင်စီက ဆုပေးပွဲ၌ ၎င်း၏ပြော ကြားချက်နှင့်ပတ်သက်၍ထုတ်ပြန်ခဲ့သည်။
-
ယခုရာသီ ပရီးမီးယားလိဂ် (၆)ပွဲတွင် (၁)ပွဲသာ အနိုင်ရထားသော်လည်း ချယ်လ်ဆီးအသင်း အောင်မြင်မှုများရယူနိုင်မည်ဟု နည်းပြ ပိုချက်တီနို ကတိပေး
-
ပွဲထွက်ခွင့်အတွက် သက်သေပြရန် စမစ်ရိုးကို အာတီတာ စိန်ခေါ်
-
စပိန်နောက်ခံလူ ရာမို့စ်၏နေအိမ် ဓားပြတိုက်ခံရ
-
ဒေးဗစ်ရာယာက အာဆင်နယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာမလား
-
ဆန်ချိုအား ခေါ်ယူရန် ရိုးမားအသင်း စောင့်ကြည့်နေ