Top News

တေလာဆွစ်က ၎င်း၏ Midnight (3 am Edition) အယ်လ်ဘမ်ကို ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် တရားဝင် ထုတ်လွှင့်ဖြန့်ချိ
24htopnews | May 31, 2024 7:12 PM CST

အဆိုတော် တေလာဆွစ်က ၎င်း၏ Midnight (3 am Edition) တေးအယ်လ်ဘမ်အသစ်ကို အံ့အားသင့်စေရန်အတွက် ဒေသစံတော်ချိန် နံနက် ၃ နာရီတွင် ထုတ်လွှင့်ဖြန့်ချိခဲ့ပြီး ယင်းအယ်လ်ဘမ်တွင် တေးသီချင်းအပို ခုနစ်ပုဒ်လည်း ပါဝင်ခဲ့သည်ဟု သိရသည်။

အမေရိကန်အနောက်ဘက်ကမ်းရိုးတန်း၏ ဒေသစံတော်ချိန် နံနက် ၃ နာရီအချိန်တွင် ဆွစ်က “နံနက် ၃ နာရီတေးသီချင်းများ” ဟုခေါ်ဆိုခဲ့သော ယင်းအယ်လ်ဘမ်ကို ထုတ်လွှင့်ဖြန့်ချိခဲ့ခြင်းဖြစ်သည်။

“အံ့အားသင့်သွားသလား။ Midnights ဟာ ပြီးပြည့်စုံတဲ့အယူအဆ အယ်လ်ဘမ်တစ်ခုအဖြစ် ကျွန်မထင်မြင်မိပါတယ်။ ဒီထဲမှာ ပါတဲ့ သီချင်း ၁၃ ပုဒ်ဟာ လျှို့ဝှက်ဆန်းကြယ်ပြီး ရူးသွပ်ဖို့ကောင်းတဲ့ နံနက် ၃ နာရီနဲ့ပတ်သက်တဲ့ ပြင်းထန်မှုကို အပြည့်အဝဖော်ပြထားပါတယ်။ ဒါပေမဲ့ ဒီမှော်ဆန်တဲ့ သီချင်း ၁၃ ပုဒ်ကို ရှာဖွေဖို့ ကျွန်မတို့ရဲ့ ခရီးစဉ်မှာ ရေးသားခဲ့တဲ့ အခြားသီချင်းတွေလည်းရှိပါတယ်” ဟု တေလာဆွစ်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

Midnights ၏ သီချင်းအပုဒ် ၂၀ အပြည့်ပါဝင်သည့် အယ်လ်ဘမ်ကို Midnight (3 am Edition) ဟု အမည်ပေးထားပြီး ယင်း အယ်လ်ဘမ်ထဲတွင် ယခင်က ထုတ်ပြန်ကြေညာထားခြင်းမရှိသည့် သီချင်းများဖြစ်သော “The great War”၊ “Bigger Than the Whole Sky” ၊ “Paris”၊ “High Infilidelity”၊ “Glitch”၊ “Would’ve Could’ve Should’ve” အစရှိသည့် သီချင်းခုနစ်ပုဒ် ထပ်မံပါ ဝင်သည်။

တေလာဆွစ်၏ ၁၀ ခုမြောက် မူလစတူ ဒီယိုအယ်လ်ဘမ်ဖြစ်သည့် Midnights သည် Guardian နှင့် Independent သတင်းဌာန တို့မှ ဝေဖန်သူများ၏ ကြယ်ငါးပွင့်အဆင့် ချီးကျူးမှုများကို ရရှိခဲ့သည်။

“Midnights အယ်လ်ဘမ်က ကောင်းမွန်တဲ့သီချင်းတွေနဲ့ ပြည့်နှက်နေတဲ့ ပေါင်းစည်းထားတဲ့ ရင့်ကျက်တဲ့ အယ်လ်ဘမ်တစ်ခု ဖြစ်ပါတယ်”ဟု Guardian က ချီးကျူးပြောကြားခဲ့သည်။

ယင်းအယ်လ်ဘမ်သည် ၎င်း၏ဘဝတွင် အိပ်ပျက်ည ၁၃ ည၏ ပြန့်ကျဲနေသော ဇာတ်ကြောင်းများဖြစ်သည်ဟု တေလာဆွစ်က အစောပိုင်းတွင် ထုတ်ဖော်ပြောကြားခဲ့သည်။


READ NEXT
Cancel OK