Top News

LPG လုပ်ငန်း၊ CMP အထည်ချုပ်လုပ်ငန်းနှင့် ကုန်လှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အသစ်ကိုးခု MIC ထပ်မံခွင့်ပြု
24htopnews | May 29, 2024 2:12 PM CST

CMP စနစ်ဖြင့် အထည်ထုတ်လုပ်မည့် လုပ်ငန်း၊ LPG တင်သွင်း သိုလှောင်ဖြန့်ဖြူး ရောင်းချခြင်း လုပ်ငန်းများ အပါအဝင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်ကိုးခုကို ထပ်မံခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) မှ သိရသည်။

ဇန်နဝါရီ  ၁၁ ရက်က ရန်ကုန်မြို့ရှိ ကော်မရှင်အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (၁/၂၀၁၉) အစည်းအဝေးမှ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါလုပ်ငန်းကိုးခုမှာ အသားထုပ်ပိုးခြင်း လုပ်ငန်း၊ ဆန်နှင့် ဆန်ဆက်စပ်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချဖြန့်ဖြူးခြင်းလုပ်ငန်း၊ တိရစ္ဆာန် အစားအစာ ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်း၊ ကြက်သားပေါက် ထုတ်လုပ်ရောင်း ချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အထည်ထုတ်လုပ်ခြင်း လုပ်ငန်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်း လုပ်ငန်း၊ LPG တင်သွင်းသိုလှောင် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ ကုန်လှောင်ရုံ နှင့် ထောက်ပံ့ပို့ဆောင်မှု ဝန်ဆောင်မှုလုပ်ငန်း နှင့် မော်တော်ယာဉ်စက်ပြင် သင်တန်းကျောင်း လုပ်ငန်းတို့ ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ ခွင့်ပြုပေးခဲ့သည့် လုပ်ငန်း ကိုးခုမှ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂၂၂၇ ဦး ဖန်တီးပေးနိုင်မည်ဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလကုန်အထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏ ဒေါ်လာ ၇၈ ဘီလျံခန့် ဝင်ရောက်ထားပြီး တရုတ်နိုင်ငံမှ ဒေါ်လာ ၂၀ ဒသမ ၂၄၉ ဘီလျံဖြင့် အများဆုံး ဝင်ရောက်ထားခြင်းဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံမှ ဒေါ် လာ ၁၉ ဒသမ ၇၅၂ ဘီလျံဖြင့် ဒုတိယအများဆုံး ဝင်ရောက်ထားကြောင်း  သိရသည်။

မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အများဆုံးဝင်ရောက်ထားပြီး ရာခိုင်နှုန်းအားဖြင့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍတွင်၂၉ ရာခိုင်နှုန်းကျော် နှင့်  စွမ်းအင်ကဏ္ဍတွင် ၂၇ ရာခိုင်နှုန်းကျော် အထိရှိသည်။

မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ၊ လယ်ယာကဏ္ဍ၊ ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍတို့တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု အနည်းဆုံးဖြစ်ပြီး ရာခိုင်နှုန်းအားဖြင့် တစ်ရာခိုင်နှုန်းအောက်သာ ရှိကြောင်း သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၄၆၆ သန်းနီးပါးဝင်ရောက်ထားပြီး ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၇၁ သန်းကျော်ဖြင့် အများဆုံးဝင်ရောက် မြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ နိုဝင်ဘာလကုန်အထိ နှစ်လအတွင်း ကဏ္ဍအလိုက် ဝင်ရောက်ခဲ့သည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အခြေအနေကို လေ့လာကြည့်ပါက ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍတွင် ဒေါ်လာ ၁၇၁ ဒသမ ၇၉၀ သန်းဖြင့် အများဆုံးဖြစ်ပြီး အခြားကဏ္ဍတွင် ဒေါ်လာ ၁၄၉ ဒသမ၂၉၁ သန်းဖြင့် ဒုတိယအများဆုံး နှင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဒေါ်လာ သန်း ၁၀၀ ကျော် ဝင်ရောက်ထားသည်။


READ NEXT
Cancel OK