Top News

WhatsApp ရှိ ညစ်ညမ်းဂိမ်းတစ်ခု၌ အမျိုးသမီးများကို စော်ကားနှိမ့်ချသည့် စကားလုံးများသုံးစွဲခဲ့သဖြင့် ပရီးမီးယားလိဂ်ကစားသမားအချို့ ဝေဖန်ခံနေရ
24htopnews | May 8, 2024 3:13 PM CST

ပရီးမီးယားလိဂ်၏ ကစားသမားအချို့သည် WhatsApp ရှိ ညစ်ညမ်းဂိမ်းတစ်ခု၌ အမျိုးသမီးများကို စော်ကားနှိမ့်ချသည့် စကားလုံးများသုံးစွဲခဲ့သဖြင့် ဝေဖန်ပြစ်တင်မှုများနှင့် ရင်ဆိုင်နေရကြောင်း သိရှိရသည်။

ယင်းဂိမ်း၏ သဘောသဘာဝမှာ အမျိုးသမီးများနှင့်အတူအိပ်သည့် နည်းအမျိုးမျိုးအပေါ်မူတည်ကာ အမှတ်များရရှိသည့် သဘောမျိုးဖြစ်ပြီး အမျိုးသမီးများနှင့် လိင်ကိစ္စကျူးလွန်နေဆဲအချိန်တွင် ကိုယ်တိုင်ပြန်ပြောပြပါက အမှတ် (၁၅၀)အထိ ရရှိသည့် ပုံစံမျိုးဖြစ်သည်။

ပရီးမီးယားလိဂ်ကစားသမားများနှင့် လိဂ်ချန်ပီယံရှစ်ကစားသမားအချို့ပါဝင်သည့် Group တစ်ခုတွင် ယင်းကစားသမားများသည် ၎င်းတို့နှင့်အတူနေသည့် အမျိုးသမီးများ၊ ဇနီးသည်များ၏အကြောင်းကို ပြန်လည်ဖွင့်ပြောကာ ပါဝင်ခဲ့ကြသည်ဟု  

The Sun သတင်းစာကဖော် ပြခဲ့ပြီး ကစားသမားများ၏ နာမည်အတိအကျကိုမူ ဖော်ပြခဲ့ခြင်းမရှိချေ။

သက်သေရရှိထားသည့် အွန်လိုင်း Chat တစ်ခုတွင်မူ '' မျက်နှာကို တံတွေးနဲ့ထွေးပြီး ဆက်ဆံနေတုန်းပဲ။ အမှတ် ၂၀၀ တန်''ဟုဆိုထားပြီး အခြားသူတစ်ဦးကလည်း ''ပါးကို ဖြတ်ရိုက်ပြီး ဆက်ဆံနေတုန်းပဲ။ အမှတ် ၂၀၀ တန်''ဟု ပြောထားသည်ကို တွေ့ရှိခဲ့ရသည်။

ယင်း WhatsApp ဂိမ်းကို သြစတြေးလျနာမည်ကျော်ခရစ်ကတ်ကစားသမားတစ်ဦးဖြစ်သည့် အဲလက်စ်ဟက်ဘန်း၏ မှုခင်းတစ်ခုမှစတင်ကာ မီဒီယာများက သတင်းအနံ့ခံလာကြခြင်းဖြစ်သည်။

အဲလက်စ်ဟက်ဘန်းသည် ပြီးခဲ့သည့် ဧပြီလ (၁၂)ရက်နေ့က မုဒိမ်းမှုဖြင့် ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ယင်းဂိမ်းကိုလည်း ဖုန်းအတွင်း တွေ့ရှိခဲ့ရခြင်းဖြစ်သည်။


READ NEXT
Cancel OK