အမေရိကန်သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်ပြီး အဆိုတော်တစ်ဦးလည်းဖြစ်သည့် အဘီဂေးလ် ဘရက်စ်လင်က သူသည်အိမ်တွင်းအကြမ်းဖက်မှုမှ လွတ်မြောက်လာသူဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
The Little Miss Sunshine သရုပ်ဆောင် အဘီဂေးလ်က သူသည်နှစ်နှစ်ကြာ ကြမ်းတမ်းသည့် ဆက်ဆံရေးတစ်ခုရှိပြီး ထိုဆက်ဆံရေးသည် ၎င်းအားအညစ်အကြေးတစ်ခုထက် တန်ဖိုးမရှိသည့်အရာနှင့် ထိုက်တန်သည်ဟူသည့် ခံစားချက်ကို ရရှိစေခဲ့သည်ဟု ပြောကြားခဲ့သည်။
“အိမ်တွင်းအကြမ်းဖက်ခံရတဲ့အခြေအနေကနေ လွတ်မြောက်လာသူတစ်ယောက်အနေနဲ့ ကျွန်မရဲ့အကြောင်းကို အနည်းငယ်ထုတ်ဖော်ရေးသားရမယ်လို့ ခံစားမိပါတယ်။ ကျွန်မဟာ နှစ်နှစ်နီးပါးကြာမြင့်တဲ့ ကြမ်းတမ်းတဲ့ဆက်ဆံရေးတစ်ခုရှိခဲ့ပါတယ်။ ဒီဆက်ဆံရေးဟာဆိုရင် ပြီးပြည့်စုံမှုကနေ စတင်ခဲ့တာဖြစ်ပြီး ကျွန်မကလည်း အဲဒီအရာကို ချစ်မြတ်နိုးခဲ့ပါတယ်” ဟုု အသက် ၂၆ နှစ်အရွယ်အဘီဂေးလ်က အိမ်တွင်းအကြမ်းဖက်မှုအသိပညာပေးလအဖြစ် ၎င်း၏ဇာတ်ကြောင်းကို Instagram တွင် မျှဝေခဲ့သည်။
“ကံမကောင်းချင်တော့ ကျွန်မကိုညှင်း ပန်းနှိပ်စက်တဲ့သူဟာ ကျွန်မရဲ့ရိုးသားမှုနဲ့အဆင်ခြင်မဲ့မှုကို အခွင့်ကောင်းယူပြီးနောက်ပိုင်းမှာ ဆက်ဆံရေးတွေဟာ ပိုပြီးကြမ်းတမ်းလာခဲ့ပါတယ်။ အရိုက်ခံရတာက ပုံမှန်အခြေခံလုပ်ရိုးလုပ်စဉ်ဖြစ်ပြီးအခန်းတွေထဲမှာ ပိတ်ထားတာ လူတွေမမြင်နိုင်တဲ့နေရာတွေမှာအထိ ဒဏ်ရာ ပြင်းပြင်းထန်ထန်ရနေပေမယ့်လည်း ဘာမှမဖြစ်သလို ဟန်ဆောင်နေခိုင်းတာတွေလုပ်ခဲ့ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ဆက်လက်၍အဘီဂေးလ်က “ကျွန်မရဲ့ ဒဏ်ရာတွေကို လူတွေမမြင်အောင် အမာရွတ်ဖုံးတဲ့ခရင်မ်တွေ၊ မိတ်ကပ်ဖောင်ဒေးရှင်း ထူထူကြီးတွေ လိမ်းခဲ့ပါတယ်။ အဲဒီအချိန်အထိ ဒီလူအတွက် ကျွန်မဂရုစိုက်ပေးနေပါသေးတယ်။ ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာအနာတရတွေဟာ နှိမ့်ချတာတွေ၊ အရှက်ခွဲခံရတာတွေနဲ့ နှုတ်နဲ့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာတွေနဲ့ ခံစားခဲ့ရပါတယ်။ ကျွန်မဟာ တစ်စုံတစ်ယောက်ရဲ့ ချစ်ခြင်းနဲ့မထိုက်တန်ဘူးလို့ ခံစားလာရပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
“ကျွန်မရုပ်ဆိုးပြီး လူတွေကမုန်းတီးကြတယ်လို့ ခံစားခဲ့ရတယ်။ ကျွန်မဟာအညစ်အကြေးတစ်ခုလောက် တန်ဖိုးမရှိသည့်အရာနဲ့ ထိုက်တန်တယ်လို့ ခံစားလာရတယ်” ဟု အဘီဂေးလ်ကဆိုသည်။
ယင်းအချိန်များတွင် ၎င်းအားအားပေးကူညီခဲ့သည့် မိသားစုဝင်များနှင့် မိတ်ဆွေသူငယ်ချင်းများကိုလည်း ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
-
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
-
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
-
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းသည့် ၁၃ ခုမြောက် တရုတ်လေကြောင်းလိုင်းအဖြစ် Qingdao လေကြောင်းလိုင်း နင်းပေါ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်း
-
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောက
-
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး