ဟယ်ရီပေါ်တာဇာတ်ကားများတွင် ဟက်ဂရစ်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့သူ စကော့တလန်ရုပ်ရှင်မင်းသား အသက် ၇၂ နှစ်အရွယ်ရှိ ရော့ဘီကိုးထရိန်း အောက်တိုဘာ ၁၄ ရက်တွင် ကွယ်လွန်သွားကြောင်း ၎င်း၏ပြောရေးဆိုခွင့်ရှိသူက ကြေညာသည်။
ကိုးထရိန်းသည် ဂျိမ်းစ်ဘွန်းဇာတ်ကားများဖြစ်သည့် Goldeneye (၁၉၉၅ ရုပ်ရှင်) နှင့် The World Is Not Enough(၁၉၉၉ ရုပ်ရှင်) တို့တွင်လည်း ဆိုဗီယက်ကေဂျီဘီ လုံခြုံရေးအရာရှိဟောင်းအဖြစ်မှ ရုရှားမာဖီးယားဘော့စ်ဖြစ်သွားသူနေရာမှ သရုပ်ဆောင်ထားသည်။
ဟယ်ရီပေါ်တာဇာတ်လမ်းများ၏ အဓိကဇာတ်ဆောင် ဒန်နီယယ်ရက်ကလစ်ကမူ ရော့ဘီသည် သူတွေ့ဖူးသမျှ အပျော်တတ်ဆုံး လူများထဲပါဝင်ပြီး ၎င်းတို့ ကလေးဘဝကတည်းက ရိုက်ကွင်းတွင် အမြဲရယ်မောအောင် လုပ်သူဟု အမှတ်တရ ပြောကြားခဲ့သည်။
“သူ့လိုလူမျိုးနဲ့သိကျွမ်းရပြီး လက်တွဲအလုပ်လုပ်ခွင့်ရလို့ အရမ်းကံကောင်းတယ်လို့ ခံစားရတယ်။ အခု သူမရှိတော့ အရမ်းဝမ်း နည်းရတယ်”ဟုလည်း ဒန်နီယယ်က ဆိုသည်။
တရားဝင် ဂျိမ်းစ်ဘွန်းတွစ်တာအကောင့်တွင် ဂျိမ်းစ်ဘွန်းထုတ်လုပ်သူများက မင်းသားကြီးကိုးထရိန်းကို ပါရမီစွမ်းရည်အ ကန့်အသတ်မရှိသည့် ထူးခြားသည့်မင်းသားတစ်လက်ဟု အမွှမ်းတင်ဂုဏ်ပြုထားသည်။
ရော့ဘီကိုးထရိန်းသည် အသက်မွေးဝမ်းကျောင်းအဖြစ် သရုပ်ဆောင်၊ လူရွှင်တော်အလုပ်အပြင် စာရေးဆရာလည်းဖြစ်ခဲ့သည်။
၎င်းသည် ITV ဇာတ်လမ်းတွဲ Cracker တွင် ရာဇဝတ်သား စိတ်ရောဂါအထူးကုဆရာဝန်ဒေါက်တာ အက်ဒီဖစ်ဇ်ဂျရယ်နေရာမှ ပါဝင်သရုပ်ဆောင်ခဲ့မှုဖြင့် နာမည်ရလာခဲ့ပြီး ဆုများစွာ သိမ်းပိုက်ခဲ့သည်။
ကိုးထရိန်းကို ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များ အမှတ်ရဆုံးဖြစ်နေစေမည့် ဇာတ်ကောင်က ဂျေကေရိုးလင်း၏ ရောင်းအားအကောင်း ဆုံး ဟယ်ရီပေါ်တာစာအုပ်များကို ပြန်လည်ပုံဖော်ရိုက်ကူးသည့် ဟယ်ရီပေါ်တာဇာတ်လမ်းများထဲမှ ရူးဘီးယပ်စ်ဟက်ဂရစ်ဇာတ် ကောင်ပင်ဖြစ်သည်။
အဆိုပါဇာတ်ကောင်သည် ကလေးငယ်များကိုသာမက လူကြီးပရိသတ်များကိုပါ ပျော်ရွှင်စေခဲ့ပြီး အနှစ် ၂၀ အတွင်း အပတ်စဉ် ပရိသတ်ထံမှပေးစာများရစေခဲ့သည်ဟု ကိုးထရိန်း၏ပြောခွင့်ရ ဘယ်လင်ဒါရိုက်ကပြောသည်။ မင်းသားကြီးတွင်ဇနီး ရိုနာနှင့် သား သမီး နှစ်ဦး ကျန်ရစ်ခဲဲ့သည်။
-
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
-
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
-
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းသည့် ၁၃ ခုမြောက် တရုတ်လေကြောင်းလိုင်းအဖြစ် Qingdao လေကြောင်းလိုင်း နင်းပေါ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်း
-
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောက
-
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး