လတ်တလောတွင် Netflix ရုပ်သံဇာတ်လမ်းတွဲ Wednesday ဖြင့် နာမည်ကြီးနေသည့် အမေရိကန်ရုပ်ရှင်မင်းသမီး ဂျန်နာအော်တေဂါသည် ကြောက်မက်ဖွယ်ဇာတ်လမ်းအမျိုးအစားကိုမှ ကြိုက်သူဖြစ်သည်။
ကလေးသရုပ်ဆောင်ဘဝမှ တက်လာကာ ယခုအသက် ၂၀ အရွယ်တွင် အောင်မြင်နေပြီဖြစ်သည့်အော်တေဂါသည် အနိဌာရုံဇာတ်ကားများဖြစ်သည့် X နှင့် Scream တွင် သရုပ်ဆောင်ပြီးနောက် Scream Queen ဆိုသည့် နာမည်ပင် အမှည့်ခံထားရသည်။
Wednesday သည်းထိတ်ရင်ဖိုဇာတ်လမ်းတွဲတွင် Wednesday Addams ဇာတ်ကောင်ဖြင့် ပါဝင်ထားသည့် အော်တေဂါက ၎င်းသည် သွေးထွက်သံယိုဇာတ်ကားများကို ကြိုက်ပြီး ထိုဇာတ်လမ်းများက သက်သောင့်သက်သာဖြစ်စေသည်၊ ဖိစီးမှုကိုလျော့စေသည်ဟု The Tonight Show Starring Jimmy Fallon အစီအစဉ်တွင် ဖွင့်ဟထားသည်။
ကင်မရာနောက်ကွယ်မှ ထိုဇာတ်လမ်းများကို ရိုက်ကူးသူများကလည်း ထိတ်လန့်စရာကို နှစ်သက်သူများဖြစ်သည်ဟု ၎င်းက ပြောသေးသည်။
၁၉၉၀ ပြည့်လွန်အစောပိုင်းနှစ်များက Addams Family ဇာတ်ကားများတွင် Wednesday ဇာတ်ကောင်အဖြစ် ပါဝင်ခဲ့သည့် ယခုအသက် ၄၂ နှစ်အရွယ်မင်းသမီး ခရစ္စတီးနားရစ်ချီကလည်း အော်တေဂါကို ချီးကျူးနေသည်။ Netflix မှ ပြသည့် Wednesday တွင် ခရစ္စတီနာက နောက်ထပ်ဇာတ်ကောင်တစ်ခုအဖြစ် အော်တေဂါနှင့် တွဲဖက်သရုပ်ဆောင်ပြီး ၎င်းတို့အတူ စရိုက်လာကတည်းက အော်တေဂါကို သဘောကျလာခဲ့ခြင်းဖြစ်သည်။
“အဲဒီဇာတ်ကောင်နဲ့ သရုပ်ဆောင်ခွင့်ရခဲ့လို့ ကျွန်မအရမ်းဂုဏ်ယူရတယ်။ ခုလည်းအဲဒီဇာတ်ကောင်နဲ့မြင်ရတဲ့ ဂျန်နာအော်တေဂါဟာ တော်တယ်၊ သတ္တိရှိတယ်လို့ ကျွန်မမြင်တယ်” ဟု ခရစ္စတီးနားက ဆိုသည်။
Wednesday Addams သည် အထင်ကရဇာတ်ကောင်တစ်ခုဖြစ်သည့်အတွက် ထိုဇာတ်ကောင်ကိုရသည့် အော်တေဂါလည်း ဖိအားများခံစားခဲ့ရသည်။ အော်တေဂါသည် ပြီးခဲ့သည့် စက်တင်ဘာတွင် အသက် ၂၀ ပြည့်ထားပြီး ဟောလိဝုဒ်၏ တက်သစ်စ စတားများထဲမှ အလားအလာကောင်းသည့် မင်းသမီးတစ်လက်ဖြစ်သည်။
-
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
-
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
-
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းသည့် ၁၃ ခုမြောက် တရုတ်လေကြောင်းလိုင်းအဖြစ် Qingdao လေကြောင်းလိုင်း နင်းပေါ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်း
-
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောက
-
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး