ဂျိမ်းစ်ကင်မရွန်း၏ Avatar နောက် ဆက်တွဲရုပ်ရှင်ဖြစ်သည့် The Way of Water သည် ၁၄ ရက် အတွင်းကမ္ဘာလုံးဆိုင်ရာ လက်မှတ်ရောင်းအား ဒေါ်လာတစ်ဘီလျံ အထိရောက်ရှိခဲ့ကာ ယခုနှစ်အတွင်း ယင်းစံချိန်ကို အမြန်ဆုံးရောက်ရှိခဲ့သည့် ရုပ်ရှင်ဖြစ်လာခဲ့သည်ဟု Variety သတင်းတွင် ဒီဇင်ဘာ ၂၈ ရက်၌ ဖော်ပြထားသည်။
ယင်းသည် ၂၀၂၂ ခုနှစ်တွင် Box Office သမိုင်းမှတ်တိုင်ကို ချိုးခဲ့သည့် ရုပ်ရှင်သုံးကားတွင် တစ်ကားအပါအဝင်ဖြစ်ခဲ့ပြီး Top: Gun Maverick က ယင်းစံချိန်ကို ၃၁ ရက်အတွင်း ရောက်ရှိခဲ့ကာ Jurassic World Dominion က ယင်းစံချိန်ကို ရောက်ရှိရန် လေးလကျော်ကြာခဲ့သည်။
၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့သည့် ရုပ်ရှင် ကိုးကားသည် ယင်းစံချိန်ကို ရောက်ရှိခဲ့သည်ဟုလည်း Variety တွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ်က ထွက်ရှိခဲ့သည့် Spider Man: No Way Home သည် ယင်းစံချိန်ကို ရောက်ရှိရန် ၁၂ ရက်ကြာမြင့်ခဲ့သည့်အတွက် The Way of Water ရုပ်ရှင်သည် ယင်းစံချိန်ကို ရောက်ရှိရန် Spider Man ထက် ရက် အနည်းငယ် ပိုသွားခဲ့သည်။
၂၀၀၉ ခုနှစ်တွင် မူလ Avatar ရုပ်ရှင် ထွက်ရှိလာခဲ့ပြီး ကမ္ဘာတစ်ဝန်းတွင် ဝင်ငွေ ဒေါ်လာ၂.၉၇ ဘီလျံဖြင့် ဝင်ငွေအမြင့်ဆုံးရရှိခဲ့ပြီးနောက် ၁၃ နှစ်အကြာတွင် Avatar: The Way of Water ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။ သရုပ်ဆောင် ဆမ်ဝေါ်သင်တန်နှင့် ဇိုးဆယ်ဒါနာတို့သည် ဂျိတ်ဆူလီနှင့် နေတီရီ ဇာတ်ကောင်များအဖြစ် ပြန်လည်ပါဝင်လာသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
-
မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်ရေးတွင် မြန်မာနိုင်ငံ၏ နယ်နိမိတ်ပိုင်နက် နယ်မြေဆုံးရှုံးမှု မရှိစေရေး၊ နှစ်နိုင်ငံအကြား နယ်နိမိတ်သတ်မှတ်ချက်ကို အလေးထားဆောင်ရွက်ရန် စီးပွား/ကူးသန်းဝန်ကြီး ပြောကြား
-
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ပြည်ထောင်စုဝန်ကြီးတွေ့ဆုံ၍ ဂျပန်နိုင်ငံကူညီမှုဖြင့် ဆောင်ရွက်နေသည့် ရန်ကုန်မြို့ပတ်ရထားလမ်းနှင့် ရန်ကုန် -မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်းများ ဆွေးနွေး
-
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်းခရီးစဉ်ပျံသန်းသည့် ၁၃ ခုမြောက် တရုတ်လေကြောင်းလိုင်းအဖြစ် Qingdao လေကြောင်းလိုင်း နင်းပေါ်-ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ် စတင်ပျံသန်း
-
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လုပ်ကိုင်လိုသည့် နိုင်ငံတကာလုပ်ငန်းရှင်များရှိသော်လည်း သုံးလအတွင်း မြေနေရာရရှိရေးဆောင်ရွက်မပေးနိုင်သဖြင့် အာဆီယံနိုင်ငံများသို့ သွားရောက်လုပ်ကိုင်နေကြောင်း ဝန်ကြီးနော်ပန်းသဥ္ဇာမျိုး ပြောက
-
၂၀၂၀ ပြည့်နှစ် မော်တော်ယာဉ်တင်သွင်းမှုမူဝါဒဆိုင်ရာ Model Year သတ်မှတ်ချက် ထွက်ရှိလာပြီး မော်တော်ယာဉ်တင်သွင်းမှု အစီအစဉ်အားလုံးတွင် ယခင်နှစ်ထက် ထုတ်လုပ်သည့်ခုနှစ် တစ်နှစ်စီထပ်တိုး