စူပါဟီးရိုးဇာတ်ကား Avengers း Endgame သည် ယခု သီတင်းပတ်အကုန်တွင် ဂျိမ်းစ်ကင်မရွန်၏ စိတ်ကူးယဉ်သိပ္ပံဇာတ်ကား Avatar ကို ကျော်တက်ပြီး ထာဝရဝင်ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်သစ်တင်ခဲ့သည်ဟု ဒစ္စနေက ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ Marvel Cinematic Universe ၏ ၂၂ ခု မြောက်ဇာတ်ကားနှင့် Avengers း Infinity War ၏ နောက်ဆက်တွဲ ဇာတ်ကားဖြစ်သော Avengers း Endgame ဇာတ်ကားတွင် ရောဘတ်ဒေါင်းနင်းဂျူနီယာ၊ ခရစ်အီဗန်၊ မက်ရက်ဖ်ဖလို၊ စကားလက်ဂျို ဟန်ဆန်၊ဘရီးလာဆန်၊ ဘရက်ဒလေကူးပါးနှင့် ဂွီးနက်ပက်ထရိုတို့ ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားသည် ဖြန့်ချိပြီး သီတင်းပတ် ၁၃ ပတ်မြောက်တွင် ကမ္ဘာတစ်ဝန်း စုစုပေါင်းဝင်ငွေ ဒေါ်လာ ၂.၇၈၉ ဘီလျံရရှိခဲ့သည်ဟု ဒစ္စနေက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
“မာဗယ်စတူဒီယိုနဲ့ ဝေါဒစ္စနေ စတူဒီယိုအဖွဲ့သားတွေအတွက် ကြီးမားတဲ့ဂုဏ်ယူစရာတစ်ခုပါပဲ။ Avengers း Endgame ကို ရုပ်ရှင်သမိုင်းတစ်လျှောက်ဝင်ငွေ အကောင်းဆုံးဇာတ်ကားဖြစ်လာဖို့ အားပေးခဲ့ကြတဲ့ကမ္ဘာတစ်ဝန်းက ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ဝေါဒစ္စနေ၏ပူးတွဲ ဥက္ကဋ္ဌ နှင့် chief creative officer အလန်ဟွန်းက ပြောကြားခဲ့သည်။ ရုပ်ရှင်သမိုင်းတစ်လျှောက် ဝင်ငွေအများဆုံးရ ဇာတ်ကားအဖြစ် ဆယ်စုနှစ်တစ်ခု ကျော်ရပ်တည်ခဲ့သည့် ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်၏ Avatar ဇာတ်ကားသည် ယခုအခါ ဝင်ငွေ ဒေါ်လာ ၂.၇၈၈ ဘီလျံဖြင့် နံပါတ်နှစ် နေရာသို့ ကျဆင်းခဲ့သည်။ ကင်မရွန်သည် Avatar ၏ နောက်ဆက်တွဲ ဇာတ်ကားများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာမှစပြီး ဆက်တိုက်ဖြန့်ချိရန် စီစဉ်ထားသည်။
-
မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ
-
အာမိုရင်မ်နှင့် သူငယ်ချင်းဆက်ဆံရေးကြောင့် မန်ယူအသင်းသို့ စီရော်နယ်လ်ဒို ပြန်လာနိုင်ကြောင်း အသင်းတိုက်စစ်မှူးဟောင်း ဆာဟာ သုံးသပ်
-
ဂွါဒီယိုလာကြောင့် အင်္ဂလိပ်ဘောလုံးလောကကို မန်စီးတီးအသင်း ဆက်လက်လွှမ်းမိုးမည့်အပေါ် ပြိုင်ဘက်အသင်းပရိသတ်များ စိုးရိမ်
-
မန်စီးတီး၏စိတ်ဝင်စားခြင်းကို ခံနေရပြီး ဂွါဒီယိုလာနှင့် စကားပြောဖူးသော်လည်း နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေကြောင်း ဂီမာရေ့စ် ဖွင့်ဟ
-
ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး ကိန်းဂဏန်းများ