The Lion King ဇာတ်ကားကို အမေရိကန်တွင် ဖြန့်ချိမည့်ရက်ထက် စောပြီး နိုင်ငံတကာ၌ ဖြန့်ချိခဲ့ရာတွင် သီတင်းတစ်ပတ်အတွင်း စုစုပေါင်းဝင်ငွေ ဒေါ်လာ သန်း ၁၇၀ ကျော် ရရှိခဲ့သည်ဟု ဒစ္စနေက ထုတ်ပြန်ခဲ့သည်။
Pride Land တိရစ္ဆာန်နိုင်ငံတွင် အပင်စားသတ္တဝါနှင့် အသားစားသတ္တဝါများ စိတ်ဝမ်းကွဲပြားမှုမရှိသည့် အုပ်ချုပ်ခဲ့သည့် ခြင်္သေ့ကြီး Mufasa ၏ ထီးနန်းအရိုက်အရာကို ဆက်ခံရမည့် Simba အမည်ရ ခြင်္သေ့ငယ်လေးကို ဗဟိုပြုရိုက်ကူးထားသည့် ယင်းဇာတ်ကားသည် တရုတ်၌ တစ်ပတ်အတွင်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၇၆.၆ သန်း ရရှိခဲ့သည်။
ယင်းဇာတ်ကားသည် ဒစ္စနေ၏ ယခင်ဖြန့်ချိခဲ့သည့် Live – Action ဇာတ်ကားများဖြစ်သော Aladdin, Dumbo, Cinderella, The Jungle Book နှင့် Beauty and the Beast ဇာတ်ကားများကို ကျော်လွန်ပြီး တရုတ်တွင် အောင်မြင်မှုအရှိဆုံး Live- Action ဇာတ်ကားလည်း ဖြစ်သည်။
၁၉၉၄ ခုနှစ်ကဖြန့်ချိခဲ့သည့် The Lion King ဇာတ်ကားကို ဒါရိုက်တာ Jon Favreau က ပြန်လည်ဆန်းသစ် ရိုက်ကူးထားသည့် ယင်းဇာတ်ကားတွင် ဘီယွန်းစေး၊ ဒေါ်နယ်ဂလိုဗာ၊ ဆာ့သ်ရိုဂျင်၊ဂျွန်ကာနီ၊ ဂျွန်အိုလီဗာ၊ Chiwete Ejiofor၊ Alfre oodard နှင့် Billy Eichner တို့က နောက်ခံအသံဖြင့် ပါဝင်သရုပ်ဆောင်ထားသည်။
ယင်းဇာတ်ကားသည် ပြင်သစ်နိုင်ငံ၌ ဖြန့်ချိပြီးနှစ်ရက်အတွင်း ဝင်ငွေဒေါ်လာ ၈.၃ သန်းရရှိခဲ့သည်။ The Lion King ဇာတ်ကားသည် Avengers: Endgame ဇာတ်ကားပြီးလျှင် ဒစ္စနေအတွက် ပြင်သစ်တွင် ပွဲဦးထွက် ဝင်ငွေအများဆုံးရရှိသည့် ဒုတိယမြောက် ဇာတ်ကားဖြစ်သည်။
The Lion King ဇာတ်ကားသည် သြစတြေးလျတွင်လည်း ဖြန့်ချိပြီးနှစ်ရက်အတွင်း ဝင်ငွေဒေါ်လာ ၅.၅ သန်း ရရှိခဲ့သည်။ ဘရာဇီးနှင့် ရုရှားတွင်လည်း ပွဲဦးထွက်ဝင် ငွေဒေါ်လာ ၄.၅ သန်းနှင့် ဒေါ်လာ ၄.၁ သန်း ရရှိခဲ့သည်။
ယင်းဇာတ်ကားသည် မြောက်အမေရိကတွင် ပွဲဦးထွက်ဝင်ငွေ ဒေါ်လာသန်း ၁၅၀ ခန့်ရရှိမည်ဟု ခန့်မှန်းထားသည်။
၁၉၉၄ ခုနှစ်ကဖြန့်ချိခဲ့သည့် The Lion King ဇာတ်ကားသည် အမေရိကန် အမျိုးသားရုပ်ရှင်မော်ကွန်းဌာနတွင် ထိန်းသိမ်းထားမည့် ဇာတ်ကားအဖြစ် ၂၀၁၆ ခုနှစ်တွင် ရွေးချယ်ခံခဲ့ရသည်။ ယင်းဇာတ်ကားသည် (၆၇) ကြိမ်မြောက် အော်စကာဆုပေးပွဲတွင် Best Original Scoreor နှင့် Best Oringinal Song ဆု ရရှိခဲ့သည်။
-
မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ
-
အာမိုရင်မ်နှင့် သူငယ်ချင်းဆက်ဆံရေးကြောင့် မန်ယူအသင်းသို့ စီရော်နယ်လ်ဒို ပြန်လာနိုင်ကြောင်း အသင်းတိုက်စစ်မှူးဟောင်း ဆာဟာ သုံးသပ်
-
ဂွါဒီယိုလာကြောင့် အင်္ဂလိပ်ဘောလုံးလောကကို မန်စီးတီးအသင်း ဆက်လက်လွှမ်းမိုးမည့်အပေါ် ပြိုင်ဘက်အသင်းပရိသတ်များ စိုးရိမ်
-
မန်စီးတီး၏စိတ်ဝင်စားခြင်းကို ခံနေရပြီး ဂွါဒီယိုလာနှင့် စကားပြောဖူးသော်လည်း နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေကြောင်း ဂီမာရေ့စ် ဖွင့်ဟ
-
ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး ကိန်းဂဏန်းများ