ဟောလိဝုဒ်သရုပ်ဆောင်တွမ်ခရုဇ်သည် ဆန်ဒီယာဂိုတွင်ပြုလုပ်ခဲ့သည့် Comic – Con သို့ ကြိုတင်ကြေညာထားခြင်းမရှိဘဲ ဇူလိုင် ၁၈ ရက်တွင် တက်ရောက်ခဲ့ပြီး Top Gun: Maverick ဇာတ်ကားသစ်၏ ကြော်ငြာကို ပွဲဦးထွက် မိတ်ဆက်ပြသခဲ့သည်။
၂၀၂၀ ပြည့်နှစ် ဇွန်တွင်ဖြန့်ချိမည့် Top Gun: Maverick ဇာတ်ကားတွင် တွမ်ခရုဇ်သည် တိုက်လေယာဉ်မှူး Pete “Maverick” Mitchel ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင် သရုပ်ဆောင်ထားသည်။ မူရင်း Top Gun ဇာတ်ကားသည် တွမ်ခရုဇ်ကို ဟောလိဝုဒ်ထိပ်တန်းသရုပ်ဆောင် စာရင်း၌ ပါဝင်စေခဲ့ ဇာတ်ကားဖြစ်သည်။
ဇာတ်ကားသစ်၏ ကြော်ငြာတွင် “Maverick” Mitchel (ခရုဇ်) က ၎င်း၏ ထင်ရှားသည့် သားရေဂျာကင်ကိုဝတ်ပြီး မော်တော်ဆိုင်ကယ်စီးသည့် ဇာတ်ဝင်ခန်းနှင့် နှင်းဖုံးနေသည့် နက်ရှိုင်းသော ချောက်ကြီးကို ဖြတ်ပြီး တိုက်လေယာဉ်မောင်းသည့် ဇာတ်ဝင်ခန်းတို့ ပါဝင်ခဲ့သည်။
ဇာတ်ကားကြော်ငြာတွင် ပါဝင်သည့် တိုက်လေယာဉ်ပျံသန်းသည့် ဇာတ်ဝင်ခန်းများနှင့် လေယာဉ်တင် သင်္ဘောပေါ်ဆင်းသက်သည့် ဇာတ်ဝင်ခန်းများသည် အမှန်တကယ်ရိုက်ကူးထားသည့် ဇာတ်ဝင်ခန်းများဖြစ်သည်ဟု ခရုဇ်က ပြောကြားခဲ့သည်။
“ကျွန်တော် ကမ္ဘာတစ်ဝန်းကို ခရီးသွားတဲ့အချိန်မှာ ပရိသတ်တွေက Top Gun နောက်တစ်ကား ဘယ်တော့ရိုက်မှာလဲ။ နောက်သရုပ်ဆောင်တစ်ယောက်နဲ့ ရိုက်တော့မှာလားလို့ မေးကြတယ်။ ၃၄ နှစ်ကြာ စိတ်ရှည်ရှည်နဲ့ စောင့်ပေးကြတယ် ပရိသတ်တွေကို ကျေးဇူးတယ်ပါတယ်။ Top Gun ဇာတ်ကားသစ်ကို ပရိသတ်တွေဆီ ရောက်ရှိစေဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ခံစား ခဲ့ရတယ်” ဟု ခရုဇ်က ဆိုသည်။
Comic – Con သည် Top Gun: Maverick ဇာတ်ကား၏ ကြော်ငြာကို ပွဲဦးထွက်ပြသရန်အတွက် အကောင်းဆုံးနေရာဖြစ်သည်ဟု ခရုဇ်ကဆိုသည်။ မူရင်းဇာတ်ကား Top Gun ကို ဆန်ဒီယာဂို၌ ရိုက်ကူးခဲ့သည်ဟု ခရုဇ်ကဆိုသည်။
မူရင်းဇာတ်ကားဖြန့်ချိပြီး နှစ် ၃၄ နှစ် အကြာမှ ဖြန့်ချိမည့်နောက်ဆက်တွဲဇာတ်ကား Top Gun: Maverick တွင် သရုပ်ဆောင်မိုင်းစ်တယ်လာက Top Gun ဇာတ်ကားတွင် လေယာဉ်ပျံသန်းသည့် လေ့ကျင့်မှုတစ်ခုတွင် သေဆုံးခဲ့သည့်လေယာဉ်မှူး Nick “Goose” Bradshaw ၏သားအဖြစ် ပါဝင်သရုပ်ဆောင်ထားသည်။ ၁၉၈၆ ခုနှစ်က ဖြန့်ချိခဲ့သည့် Top Gun ဇာတ်ကားသည် ကမ္ဘာတစ်ဝန်း လက်မှတ်ရောင်းချမှုဝင်ငွေ ဒေါ်လာ ၃၅၆.၈ သန်း ရရှိခဲ့သည်။
-
မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ
-
အာမိုရင်မ်နှင့် သူငယ်ချင်းဆက်ဆံရေးကြောင့် မန်ယူအသင်းသို့ စီရော်နယ်လ်ဒို ပြန်လာနိုင်ကြောင်း အသင်းတိုက်စစ်မှူးဟောင်း ဆာဟာ သုံးသပ်
-
ဂွါဒီယိုလာကြောင့် အင်္ဂလိပ်ဘောလုံးလောကကို မန်စီးတီးအသင်း ဆက်လက်လွှမ်းမိုးမည့်အပေါ် ပြိုင်ဘက်အသင်းပရိသတ်များ စိုးရိမ်
-
မန်စီးတီး၏စိတ်ဝင်စားခြင်းကို ခံနေရပြီး ဂွါဒီယိုလာနှင့် စကားပြောဖူးသော်လည်း နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေကြောင်း ဂီမာရေ့စ် ဖွင့်ဟ
-
ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး ကိန်းဂဏန်းများ