ကိုရီးယားသရုပ်ဆောင် ဆောင်းဟေကိုသည် ဆောင်ဂျွန်ကီနှင့် လမ်းခွဲခဲ့ပြီးနောက် ကိုရီးယား၏ လူချမ်းသာများနေထိုင်ကြသည့် ဆိုးလ်မြို့ Hannam -dong အရပ်ရှိ နေအိမ်သစ်သို့ ပြောင်းရွှေ့ခဲ့သည်ဟု ကိုရီးယားမီဒီယာများက ဇွန် ၁၇ ရက်တွင် ဖော်ပြခဲ့သည်။
ဆောင်းဟေကိုသည် Descendants of the Sun ဇာတ်လမ်းတွဲတွင် တွဲဖက်သရုပ်ဆောင်ခဲ့သည့် ဆောင်ဂျွန်ကီနှင့် ၂၀၁၇ ခုနှစ် အောက်တိုဘာတွင် လက်ထပ်ခဲ့ပြီးနောက် ဆိုးလ်မြို့ Yongsan အရပ်ရှိနေအိမ်၌သာ နေထိုင်ခဲ့သည်။ ဆောင်ဂျွန်ကီသည် လတ်တလောတွင် ဆိုးလ်၌ ၎င်း၏မိသားစုနှင့်အတူ နေထိုင်နေသည်ဟု မီဒီယာများက ဖော်ပြခဲ့သော်လည်း ၎င်း၏ ပြောခွင့်ရပုဂ္ဂိုလ်များက အတည်မပြုခဲ့ပေ။
ဆောင်ဂျွန်ကီက ဆောင်းဟေကိုနှင့် ကွာရှင်းခွင့်လျှောက်ခဲ့သည်ဟု ဇွန် ၂၇ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့မှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များက အံ့အားသင့်ခဲ့ကြသည်။
ညှိနှိုင်း၍မရသည့် ပြဿနာများကြောင့် ကွာရှင်းရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့၏ အေဂျင်စီများက ထုတ်ပြန်ခဲ့သည်။
အသက် ၃၇ နှစ်အရွယ် ဆောင်းဟေကိုသည် အိမ်ထောင်ရေးပြဿနာများအကြောင်းကို ရင်ဖွင့်ပြောကြားစဉ် မျက်ရည်ကျခဲ့သည်ဟု ၎င်းနှင့်ရင်းနှီးသည့် သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
“ဆောင်းက ပုံမှန်အားဖြင့် သူ့ရဲ့ခံစားချက်တွေကို ပြောပြလေ့မရှိဘူး။ ခုသူ့အိမ်ထောင်ရေးပြဿနာအကြောင်း ပြောတဲ့အချိန်မှာ ငိုနေတယ်” ဟု ယင်းသတင်းရင်းမြစ်က ပြောကြားခဲ့သည်။
ကွာရှင်းတော့မည်ဆိုသော ကြေညာချက်ထွက်ရှိခဲ့ပြီးနောက် ဆောင်းသည် ဇူလိုင် ၆ ရက်တွင် တရုတ်နိုင်ငံ ဟိုင်နန်တွင်ပြုလုပ်သည့် အလှကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခု၏ အရောင်းမြှင့်တင်ပွဲသို့ တက်ရောက်ခဲ့ပြီး ပထမဆုံးအကြိမ် လူမြင်ကွင်းရှေ့ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် မိုနာကိုတွင်ပြုလုပ်ခဲ့သည့် ပြင်သစ်လက်ဝတ်ရတနာကုမ္ပဏီ၏ စျေးကွက်မိတ်ဆက်ပွဲတစ်ခုသို့ ယင်းအမှတ်တံဆိပ်၏ အာရှသံတမန်တစ်ဦးအဖြစ် တက်ရောက်ခဲ့သေးသည်။
ဆောင်းသည် Anna ဟု ယာယီအမည်ပေးထားသည့် ဇာတ်ကားတွင် အဓိကဇာတ်ကောင်အဖြစ်ပါဝင်ရန် ကမ်းလှမ်းခံထားရသည်ဟု ၎င်း၏အေဂျင်စီ UAA က ထုတ်ပြန်ခဲ့သည်။ ယင်းဇာတ်ကားသည် အမျိုးသမီးအသားပေး ဇာတ်ကားဖြစ်သည်ဟု အေဂျင်စီက ထုတ်ပြန်ခဲ့သည်။
ဆောင်းဟေကိုသည် Autumn in My Heart၊ All In ၊ Full House၊ Descendants of the Sun နှင့် Encounter ဇာတ်လမ်းတွဲများဖြင့် အောင်မြင်ခဲ့ပြီး Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် သြဇာလွှမ်းမိုးမှုအရှိဆုံး ကိုရီးယားအနုပညာရှင်စာရင်းတွင် နံပါတ်ခြောက်နေရာ၌ ဖော်ပြခံခဲ့ရသည်။
-
မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ
-
အာမိုရင်မ်နှင့် သူငယ်ချင်းဆက်ဆံရေးကြောင့် မန်ယူအသင်းသို့ စီရော်နယ်လ်ဒို ပြန်လာနိုင်ကြောင်း အသင်းတိုက်စစ်မှူးဟောင်း ဆာဟာ သုံးသပ်
-
ဂွါဒီယိုလာကြောင့် အင်္ဂလိပ်ဘောလုံးလောကကို မန်စီးတီးအသင်း ဆက်လက်လွှမ်းမိုးမည့်အပေါ် ပြိုင်ဘက်အသင်းပရိသတ်များ စိုးရိမ်
-
မန်စီးတီး၏စိတ်ဝင်စားခြင်းကို ခံနေရပြီး ဂွါဒီယိုလာနှင့် စကားပြောဖူးသော်လည်း နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေကြောင်း ဂီမာရေ့စ် ဖွင့်ဟ
-
ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး ကိန်းဂဏန်းများ