သရုပ်ဆောင်စံရတီမိုးမြင့်ကို ဇွန် ၃ ရက်မှာ မွေးဖွားခဲ့ပြီး ဖခင်ကထင်ရှားတဲ့ ဓာတ်ပုံဆရာတစ်ဦးပါ။ မွေးချင်းလေးယောက်အနက် အစ်မတစ်ယောက်၊ မောင်နှစ်ယောက်တို့ကို ပိုင်ဆိုင်ထားပါတယ်။ ငယ်စဉ်ကလေးဘဝမှာတော့ မောင်ငယ်နှစ်ယောက်နဲ့အတူ ဆော့ကစားရင်း ပျော်ရွှင်စွာဖြတ်သန်းခဲ့သူပါ။ ထင်ရှားတဲ့ဓာတ်ပုံ ဆရာဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ဓာတ်ပုံစတူဒီယိုကိုလာကြတဲ့ မင်းသမီးတွေ မော်ဒယ်လ်တွေကိုကြည့်ရင်း ငယ်စဉ်ကလေး ဘဝတည်းက မင်းသမီးဖြစ်ချင်ခဲ့တာပါလို့ စံရတီကဆိုပါတယ်။ ရုပ်သံကြော်ငြာတွေ ခေတ်စားစဉ်ကာလမှာကြီး ပြင်းခဲ့ရသူပီပီ စံရတီမိုးမြင့်က ရုပ်သံကြော်ငြာတွေကြည့်ပြီး အမူအရာတွေလိုက်လုပ်တတ်သလို သီချင်းတွေလည်း လိုက်ဆိုတတ်တယ်လို့ ဆိုပါတယ်။
“ငယ်ငယ်ကတည်းက အတန်းထဲမှာ ဆရာမကကြီး လာရင်ဘာဖြစ်ချင်လဲမေးတော့ သဲသဲတစ်ယောက်တည်းပဲ မင်းသမီး ဖြစ်ချင်တယ်လို့ဖြေခဲ့ဖူးတယ်။ ငယ်ငယ်က ဆံပင်ကောက်ကောက်လေးနဲ့သဲကို ဆရာမကလည်း သမီးက မင်းသမီးပဲဖြစ် မှာလို့ ခဏခဏပြောခဲ့ဖူး တာ တော့အမှတ်တရပါပဲ။ အဲဒီကတည်းက စိတ်ထဲမှာ မင်း သမီး ပဲလုပ်ချင်တယ်ဆိုတာ ကစွဲနေခဲ့တာ” လို့ စံရတီမိုးမြင့်က ငယ်ဘဝအိပ်မက်ကို ပြောပြခဲ့ပါတယ်။
ကျောင်းပညာ ရေး အနေနဲ့ကတော့ သူငယ်တန်း ကနေ ရှစ်တန်းအထိကို
အ.လ.က (၁) ဒဂုံမှာ တက်ရောက်ခဲ့ပြီး ကိုးတန်းနဲ့ ၁၀ တန်းနှစ်တွေမှာတော့ အ.ထ.က(၂) ဒဂုံ (မြို့မ)ကျောင်းမှာတက်ရောက်ခဲ့တယ် လို့ဆိုပါတယ်။ ကျောင်းစာမှာ ငယ်စဉ်က ထူးချွန်ခဲ့ပေမဲ့ အတန်းကြီးလာချိန်မှာတော့ ပုံမှန်လောက်ပဲရှိတယ်လို့လည်း ပြောပြခဲ့ပါသေးတယ်။ ကျောင်းတက်စဉ်တစ်လျှောက်လုံးမှာတော့ ကျောင်းကလုပ်တဲ့ အခမ်းအနားတွေမှာ ဗန်းကိုင်အဖြစ် ပါဝင်ရတာတွေ၊ ကျောင်းကပွဲမှာပါရတာမျိုးတွေ အမြဲလုပ်ခွင့်ရခဲ့တယ်လို့ အမှတ်တရဆိုပါတယ်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးချိန်မှာတော့ Stars Int’l Models Agency မှာ တက်ရောက်ခဲ့ပြီး မော်ဒယ်လ်စင်မြင့်ထက်ကို ရောက်ရှိခဲ့ပါတယ်။
စံရတီမိုးမြင့်က မော်ဒယ်လ်တစ်ယောက်အနေနဲ့ အချိန်တိုအတွင်းလှုပ်ရှားခဲ့ပြီးနောက် မဂ္ဂဇင်းကာဗာတွေ ရိုက်ကူးခွင့်ရခဲ့ပါတယ်။ ဒီနောက်မှာတော့ကြော်ငြာရိုက်ကူးမှုတွေအတွက် ကမ်းလှမ်းခံခဲ့ရတယ်လို့ ဆိုပါတယ်။ အနုပညာခရီးလမ်းမှာ ဖခင်ဖြစ်သူနဲ့ မိခင်ဖြစ်သူက ရှေ့မှာလျှောက်လှမ်းခဲ့သူတွေဖြစ်တာကြောင့် အခက်အခဲအများကြီးမရှိဘဲ အချိန်တိုအတွင်းလျှောက်လှမ်းနိုင်ခဲ့တယ်လို့လည်း ပြောပြခဲ့ပါတယ်။
ဆယ်ကျော်သက်အရွယ်နဲ့ ပရိသတ်ချစ်ခင်အားပေး မှုကိုရလာတဲ့ စံရတီမိုးမြင့်က ဗီဒီယိုဇာတ်ကားနဲ့ ဒီဗီဒီ
ဇာတ်ကားတွေရိုက်ဖို့ လက်ခံဖြစ်ချိန်မှာစိန်ခေါ်မှုတွေနဲ့ ကြုံရတယ်လို့ဆိုပါတယ်။ အမူအရာအများကြီး မလုပ်တတ်သလို ရိုက်ကူးရေးနဲ့ ပတ်သက်လို့နားမလည်တာကြောင့် အများကြီး လေ့လာသင်ယူခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီနောက်မှာတော့ ဇာတ်ကားပေါင်းတစ်ရာ ဝန်းကျင်လောက်ကို ဆက်တိုက်ရိုက်ကူးခွင့် ရလာခဲ့ပါတယ်။ အဲဒီနောက်မှာ ဗီဒီယိုစျေး ကွက်တွေရပ်ဆိုင်းသွားခဲ့တာကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ အတန်ငယ်ကျဲပါးသွားခဲ့သလို ရုပ်ရှင်နဲ့ရ ုပ်သံဇာတ်လမ်းတွဲတွေကိုတော့ ဇာတ်လမ်းနဲ့ကာရိုက်တာအပေါ်မူတည်ပြီး လက်ခံရိုက်ကူး ဖြစ်တယ်လို့ဆိုပါတယ်။
စံရတီမိုးမြင့်က အ နုပညာလောကထဲ စပြီးရောက်ရှိ လာစဉ်တည်းက ပြည့်ပြည့်ဖောင်းဖောင်း ခန္ဓာကိုယ်လေး ပိုင်ဆိုင်ထားသူတစ်ဦးပါ။ ဇာတ်ကားရိုက်ကူးမှုတွေခဏ တာရပ်နားခဲ့ပြီးချိန်မှာတော့ သူမရဲ့ခန္ဓာကိုယ်အချိုး အစားပြောင်းလဲမှုအတွက် ကြိုးစားလေ့ကျင့်ခဲ့ပါတယ်။ လက်ရှိမှာတော့ မူလနဲ့လုံးဝပုံစံခြားနားသွားတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသလို လှပကျစ်လျစ်တဲ့ ခန္ဓာကိုယ်အချိုးအစားရရှိစေဖို့ လေ့ကျင့်အားထုတ်နေတာလည်း ဖြစ်ပါတယ်။
“သဲသဲအလုပ်တွေ ခဏနားချိန်မှာ ပရိသတ်တွေဆီကို ပြန်သွားရင်ပုံစံတစ်မျိုး ပြောင်းလဲပြချင်တယ်။ မျက်နှာနဲ့ပတ်သက်လို့က အမေမွေးထားတဲ့အတိုင်းပဲ သဘောကျပြီးသားဆိုတော့ မပြောင်းချင်ဘူး။ ခန္ဓာကိုယ်ကတော့ သဲသဲကနည်းနည်းဝတဲ့အတွက် ပြောင်းလဲမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ အစားအသောက်ကိုအရင် လျှော့ခဲ့တယ်။ ပြီးတော့မှ gym ကိုပြင်းပြင်းထန်ထန်ဆော့ပြီး ပုံစံပြောင်းလဲမှုကို ပြသနိုင်ခဲ့ပါတယ်။ ဒီလိုပြောင်းလဲခဲ့တာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအများကြီး ရှိလာတယ်။ ပွဲတက်တာကအစ ဘာလေးဝတ်ဝတ်ယုံကြည်မှုရှိလာတော့ပိုပြီး အဆင်ပြေလာတယ်။ ဒါကြောင့် ပရိသတ်တွေကိုလည်း သဲပြောချင်တာက တကယ်ပြောင်းလဲချင်စိတ်သာရှိမယ်ဆိုရင် နောက်ကျတယ်ဆိုတာ မရှိပါဘူး” လို့ စံရတီမိုးမြင့်က ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲဖို့ကြိုးစားခဲ့တာနဲ့ပတ်သက်လို့ ဆိုပါတယ်။
သရုပ်ဆောင်စံရတီမိုးမြင့်က လက်ရှိမှာတော့ ရုပ်သံဇာတ်လမ်းတွဲတစ်ခုနဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကား ရိုက်ကူးဖို့လက်ခံထားပါတယ်။ အချိန်အားလပ်ချိန်မှာတော့ စံရတီမိုးမြင့်က ပရဟိတလုပ်ငန်းတွေလုပ်ဖြစ်သလို တိရစ္ဆာန်လေးတွေကိုလည်း ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
-
မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ
-
အာမိုရင်မ်နှင့် သူငယ်ချင်းဆက်ဆံရေးကြောင့် မန်ယူအသင်းသို့ စီရော်နယ်လ်ဒို ပြန်လာနိုင်ကြောင်း အသင်းတိုက်စစ်မှူးဟောင်း ဆာဟာ သုံးသပ်
-
ဂွါဒီယိုလာကြောင့် အင်္ဂလိပ်ဘောလုံးလောကကို မန်စီးတီးအသင်း ဆက်လက်လွှမ်းမိုးမည့်အပေါ် ပြိုင်ဘက်အသင်းပရိသတ်များ စိုးရိမ်
-
မန်စီးတီး၏စိတ်ဝင်စားခြင်းကို ခံနေရပြီး ဂွါဒီယိုလာနှင့် စကားပြောဖူးသော်လည်း နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေကြောင်း ဂီမာရေ့စ် ဖွင့်ဟ
-
ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး ကိန်းဂဏန်းများ