တိုင်းမ်မဂ္ဂဇင်းက ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သည့် အင်တာနက်၌ သြဇာလွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ် ၂၅ ဦး စာရင်းတွင် ကေပေါ့ပ်စူပါစတားအဖွဲ့ဖြစ်သည့် BTS လည်း ပါဝင်ခဲ့သည်။
တိုင်းမ်၏ အဆိုပါစာရင်းတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၊ အမေရိကန်အဆိုတော်များဖြစ်သည့် အရီယာနာဂရန်ဒီနှင့် ကာဒီဘီ၊ ဗြိတိန်တော်ဝင်မိသားစုဝင်ဖြစ်သည့် ဟာရီမင်းသားနှင့် ကြင်ယာတော် မီဂန်မာခယ်၊ အင်တာနက်မှတစ်ဆင့် အောင်မြင်မှုရရှိခဲ့သည့် ရက်ပ်အဆိုတော် Lil Nas X တို့လည်း ပါဝင်ခဲ့သည်။
လူမှုမီဒီယာတွင် အကျိုးသက်ရောက်မှုနှင့် သတင်းများဖြစ်ပေါ်စေမှုတို့ကို အခြေခံပြီး တိုင်းမ်က အဆိုပါစာရင်းကို လွန်ခဲ့သည့် ငါးနှစ်က စတင်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
BTS အဖွဲ့သည် တိုင်းမ်၏ အဆိုပါစာရင်းတွင် တတိယအကြိမ်မြောက် ဖော်ပြခံရမှုဖြစ်သည်ဟု ယင်းအဖွဲ့၏ အေဂျင်စီ Big Hit Entertainment က ထုတ်ပြန်ခဲ့သည်။
“BTS အဖွဲ့က ARMY လို့ခေါ်တဲ့ သန်းချီရှိတဲ့ အမာခံပရိသတ်တွေရဲ့ ကျေးဇူးကြောင့် ဒီစာရင်းမှာ ပါဝင်တာဖြစ်တယ်။ ပရိသတ်တွေက BTS အဖွဲ့ဝင်တွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ အွန်လိုင်းမှာ ဖော်ပြတဲ့ သူတို့ရဲ့အကြောင်းတွေကို သိဖို့ စိတ်အားထက်သန်ကြတယ်” ဟု တိုင်းမ်မဂ္ဂဇင်းက ဖော်ပြခဲ့သည်။
RM, J-Hope, Suga, Jung Kook, Jimin Jin နှင့် V တို့ဖြင့် ဖွဲ့စည်းထားသည့် BTS အဖွဲ့သည် အချိန်တိုအတွင်းမှာပင် နိုင်ငံတကာတွင် အောင်မြင်မှုရရှိခဲ့ပြီး ယင်းအဖွဲ့သည် ယခုနှစ် Billboard ဂီတဆုပေးပွဲတွင် Top Duo/Group ဆုနှင့် Top Social Artist ဆုကို ဆွတ်ခူးခဲ့သည်။ BTS အဖွဲ့သည် ၂၀၁၉ ခုနှစ်တွင် Love Yourself: Speak Yourself ကမ္ဘာလှည့်ဖျော်ဖြေရေးခရီးစဉ်ကို ရက်ထပ်တိုးခဲ့ပြီး အားကစားကွင်းများ၌ ဖျော်ဖြေသည့် ဖျော်ဖြေပွဲခရီးစဉ်သစ်တစ်ခုကိုလည်း စတင်ခဲ့သည်။
ယင်းအဖွဲ့သည် BTS World မိုဘိုင်းဂိမ်းတစ်ခုကိုလည်း ဇွန် ၂၆ ရက်တွင် ဖြန်ချိခဲ့သည်။ အမျိုးသားအဆိုတော် ခုနစ်ဦးပါဝင်သည့် BTS အဖွဲ့သည် Forbes မဂ္ဂဇင်းက ထုတ်ပြန်သည့် ၂၀၁၉ ခုနှစ် ဝင်ငွေအများဆုံးရ အနုပညာရှင်စာရင်းတွင် နံပါတ် ၄၃ ၌ ဖော်ပြခံခဲ့ရသည်။ Bangtan Boys အဖွဲ့ဟုလည်း ခေါ်ဆိုသည့် ထိုအဖွဲ့သည် ၂၀၁၈ ခုနှစ် ဇွန် နှင့် ၂၀၁၉ ခုနှစ်အတွင်း ဝင်ငွေဒေါ်လာ ၅၇ သန်း ရရှိခဲ့သည်။
-
မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ
-
အာမိုရင်မ်နှင့် သူငယ်ချင်းဆက်ဆံရေးကြောင့် မန်ယူအသင်းသို့ စီရော်နယ်လ်ဒို ပြန်လာနိုင်ကြောင်း အသင်းတိုက်စစ်မှူးဟောင်း ဆာဟာ သုံးသပ်
-
ဂွါဒီယိုလာကြောင့် အင်္ဂလိပ်ဘောလုံးလောကကို မန်စီးတီးအသင်း ဆက်လက်လွှမ်းမိုးမည့်အပေါ် ပြိုင်ဘက်အသင်းပရိသတ်များ စိုးရိမ်
-
မန်စီးတီး၏စိတ်ဝင်စားခြင်းကို ခံနေရပြီး ဂွါဒီယိုလာနှင့် စကားပြောဖူးသော်လည်း နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေကြောင်း ဂီမာရေ့စ် ဖွင့်ဟ
-
ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး ကိန်းဂဏန်းများ