Top News

LION KING ရုပ်ရှင်ဇာတ်ကားကို မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ ဇူလိုင် ၁၈ ရက်မှစတင်ကာ နိုင်ငံတကာနှင့် တစ်ပြိုင်တည်း ရုံတင်ပြသ
24htopnews | March 30, 2024 12:12 PM CST

LION KING ရုပ်ရှင်ဇာတ်ကားကို မြို့ကြီးအများအပြားရှိ ရုပ်ရှင်ရုံများ၌ ဇူလိုင် ၁၈ ရက်မှစတင်ကာ နိုင်ငံတကာနှင့် တစ်ပြိုင်တည်း ရုံတင်ပြသထားသည်ဟု သိရသည်။ အဆိုပါဇာတ်ကားကို အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံအများအပြား၌ ဇူလိုင် ၁၉ ရက်မှစတင်ကာ ရုံတင်ပြသမည်ဖြစ်သည်။

အာဖရိကလွင်ပြင်ကျယ်ရှိ ခြသေ့င်္တိုင်းပြည်ဘုရင်ကြီး Mufasa ကိုပြည်သူများက ချစ်ခင်အားကိုး ယုံကြည်ကြသလို သားဖြစ်သူ အိမ်ရှေ့စံခြသေ့င်္ပေါက်လေး Simba ကိုလည်း ပြည်သူများက ချစ်ခင်ကြသည်။

သို့သော် Simba မမွေးဖွားမီက ခြသေ့င်္တိုင်းပြည်၏ ထီးနန်းအတွက် လျာထားခြင်းခံခဲ့ရသူ Simba ၏ ဦးလေး Scar သည် အစ်ကိုဖြစ်သူဘုရင်အား လုပ်ကြံကာ ထီးနန်းကို သိမ်းပိုက်ခဲ့ပြီး တူဖြစ်သူကိုလည်း ပြည်နှင်ဒဏ်ပေးခဲ့သည်။

တိုင်းပြည်မှထွက်ခွာခဲ့ရသည့် Simba တစ်ယောက် အလွန်စပ်စုတတ်သည့် မြွေပါလေး Timon နှင့် တောဝက် Pumbaa တို့နှင့် မိတ်ဆွေဖြစ်ခဲ့သည်။ ပြည်နှင်ဒဏ်ပေးခံရစဉ်အတွင်း Simba သည် မိမိကိုယ်ကိုယ် ပြန်လည်တည်ဆောက်ကာ တိုင်းပြည်အား ပြန်လည်ရယူရန် ကြိုးစားသည်များကို ရိုက်ကူးထားသည့် သရီးဒီအန်နီမေးရှင်း ကာတွန်းဇာတ်ကားဖြစ်သည်။

LION KING ဇာတ်ကားကို ဒါရိုက်တာ Jon Favreau ရိုက်ကူးပြီး Donald Glover, Seth Rogen, Chiwetel Ejiofor, Alfre Woodard တို့က အသံဖြင့် ပါဝင်သရုပ်ဆောင်ထားသည်။ ယင်းဇာတ်ကားကို ရန်ကုန်မြို့ရှိ နေပြည်တော်၊ မင်္ဂလာ (စံပြ၊ ဂမုန်းပွင့်၊ တာမွေ၊ Gold Class)၊ Mega Ace (ကန်သာယာ၊ Capital၊ စူပါဝမ်း)၊ JCGV ရုပ်ရှင်ရုံများအပြင် တောင်ကြီး၊ ပဲခူးနှင့် ပြည်မြို့များရှိရုပ်ရှင်ရုံများ၌ ရုံတင်ပြသထားသည်။                                                                         


READ NEXT
Cancel OK