Snare အဖွဲ့၏ One Band Show အား ယခုနှစ် ပွင့်လင်းရာသီကာလတွင် ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။ Snare အဖွဲ့အနေဖြင့် တေးသီချင်းအသစ်များလည်း ရေးသားသီဆိုလျက်ရှိကာ မကြာမီ ထွက်ရှိလာရန်လည်းရှိကြောင်း သိရသည်။ Snare အဖွဲ့၏ One Band Show ကို နှစ်ကုန်ပိုင်းတွင် ထပ်မံကျင်းပရန် စီစဉ်ထားခြင်းလည်းဖြစ်သည်။
“ကျွန်တော်တို့ Snare အဖွဲ့အနေနဲ့ သီချင်းသစ်တွေလည်း ရေးနေပါတယ်။ မကြာခင်လည်း အသစ်တွေ ထွက်လာဖို့ရှိတယ်။ အဖွဲ့လိုက်အခွေတွေမှာလည်း ဆိုထားတာတွေ ထွက်လာဖို့လည်း ရှိပါတယ်။ ပွင့်လင်းရာသီမှာတော့ One Band Show လုပ်ဖို့ စီစဉ်ထားတယ်။ Snare ရဲ့ ပရိသတ်တွေအနေနဲ့ ကြည့်ဖို့အားမွေးထားပါ။ ကျွန်တော်တို့ အမိုက်စားပြင်ဆင်နေပါတယ်။ ပွင့်လင်းရာသီမှာ တင်ဆက်ပါမယ်။ လုပ်မယ့်နေရာ၊ နေ့ရက်တွေ အတိအကျရွေးပြီးရင်တော့ ပရိသတ်တွေကို အသိပေးသွားပါမယ်” ဟု Snare အဖွဲ့ဝင်တစ်ဦးဖြစ်သူ တေးသံရှင်နေဝင်းကဆိုသည်။
Snare အဖွဲ့၏ One Band Show အား ရန်ကုန်မြို့ မျှော်စင်ကျွန်း၌ တစ်ကြိမ်ပြုလုပ်ခဲ့ဖူးပြီး ယခုအခါ ဒုတိယအကြိမ် ထပ်မံပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။ Snare အဖွဲ့တွင် တေးသံရှင်နေဝင်းနှင့် ဖြိုးလေးတို့ ပါဝင်ကာ အယ်လ်ဘမ်များထွက်ရှိထားပြီး ပရိသတ်အားပေးမှု အခိုင်အမာ ရရှိထားသူများဖြစ်သည်။ တေးသံရှင်နေဝင်းနှင့် ဖြိုးလေးတို့သည် တစ်ကိုယ်တော်အယ်လ်ဘမ်များလည်း ထွက်ရှိထားပြီးနောက် Snare အဖွဲ့၏ One Band Show ပြုလုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။
“Snare ရဲ့ One Band Show ကို မနှစ်ကတည်းက လုပ်ဖို့ အစီအစဉ်ရှိပေမယ့် ကျွန်တော်တို့ရဲ့ တစ်ကိုယ်တော်အယ်လ်ဘမ်တွေ စီစဉ်နေတာကြောင့် မလုပ်ဖြစ်လိုက်ပါဘူး။ အခုနှစ်ထဲတော့ လုပ်ဖြစ်အောင် ပြင်ဆင်နေပါတယ်။ မိုးတွင်းကာလမှာ သီချင်းအသစ်တွေလည်း လုပ်နေတယ်။ သီချင်းအသစ်တွေပြီးရင် ပွဲအတွက်စပြီး ပြင်ဆင်သွားမှာပါ” ဟု တေးသံရှင်ဖြိုးလေးကလည်း ပြောပြခဲ့သည်။
Snare အဖွဲ့သည် Frenzo များအနေဖြင့် ရှိုးပွဲများလည်း ဖျော်ဖြေလျက်ရှိကာ ပွင့်လင်းရာသီ ကာလတွင် ဖျော်ဖြေပွဲများ ပါဝင်သီဆိုရန် လက်ခံထားကြောင်း သိရသည်။ Snare အဖွဲ့အနေဖြင့် တေးသီချင်းသစ်များ ထွက်ရှိရန် စီစဉ်ထားသည့်အပြင် တစ်ကိုယ်တော်တေးသီချင်းများလည်း ထပ်မံဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။ Snare အဖွဲ့ဝင်များ ပါဝင်ဖွဲ့စည်းထားသည့် G-Family အနေဖြင့်လည်း တေးသီချင်းသစ်များ ထပ်မံဖန်တီးသွားမည်ဖြစ်ကြောင်း သိရသည်။
-
မန်စီးတီးအသင်းနှင့် ဂွါဒီယိုလာ တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် မူအားဖြင့် သဘောတူညီမှုရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများ ဖော်ပြ
-
အာမိုရင်မ်နှင့် သူငယ်ချင်းဆက်ဆံရေးကြောင့် မန်ယူအသင်းသို့ စီရော်နယ်လ်ဒို ပြန်လာနိုင်ကြောင်း အသင်းတိုက်စစ်မှူးဟောင်း ဆာဟာ သုံးသပ်
-
ဂွါဒီယိုလာကြောင့် အင်္ဂလိပ်ဘောလုံးလောကကို မန်စီးတီးအသင်း ဆက်လက်လွှမ်းမိုးမည့်အပေါ် ပြိုင်ဘက်အသင်းပရိသတ်များ စိုးရိမ်
-
မန်စီးတီး၏စိတ်ဝင်စားခြင်းကို ခံနေရပြီး ဂွါဒီယိုလာနှင့် စကားပြောဖူးသော်လည်း နယူးကာဆယ်အသင်းတွင် ပျော်ရွှင်နေကြောင်း ဂီမာရေ့စ် ဖွင့်ဟ
-
ပရီးမီးယားလိဂ်ပွဲစဉ် (၁၁) အပြီး ကိန်းဂဏန်းများ