ဖိနပ်ပါးပါးလေး စီးရင်း
ဖိနပ်ထူထူကြီးကို စီးစေခဲ့သူ….အဖေ။
အဝတ်နွမ်းနွမ်းလေး ဝတ်ရင်း
အဝတ်လှလှကြီးကို ဝတ်စေခဲ့သူ….အဖေ။
ဘွဲ့မရ ပညာမတတ်ပုခုံးတွေနဲ့
ဘွဲ့ရ ပညာတတ်ပုခုံးတွေကို
ထမ်းတင်ခဲ့သူ….အဖေ။
လူတောမတိုးနိုင်တဲ့ လက်တွေနဲ့
လူတောတိုးနိုင်တဲ့ လက်တွေကို
အရောင်လက်စေခဲ့သူ…..အဖေ။
အရာမဝင်တဲ့ ပါးစပ်တွေနဲ့
အရာဝင်တဲ့ ပါးစပ်တွေကို
ပဲ့ပြင်ခဲ့သူ…..အဖေ။
ချွေးနံ့မစင်တဲ့ ခန္ဓာကိုယ်နဲ့
ချွေးနံ့စင်တဲ့ ခန္ဓာကိုယ်တွေကို
လှစေခဲ့သူ…..အဖေ။
အရောင်မွဲတဲ့ မျက်လုံးတွေနဲ့
အရောင်မမွဲတဲ့ မျက်လုံးတွေကို
ပြုံးစေခဲ့သူ…..အဖေ။
အရောင်မပြောင်းတဲ့ နှလုံးသားနဲ့
အရောင်ပြောင်းတဲ့ နှလုံးသားတွေကို
ချစ်နေခဲ့သူ….အဖေ။
အဖေ့အငေးမှာ မျှော်လင့်ချက်တွေ ကင်းလို့။
အဖေ့အဆွေးမှာ ချစ်ခြင်းတရားတွေ ပြည့်လို့။
အဖေဟာ နေလို လင်းတယ်။
အဖေဟာ လလို ဝင်းတယ်။
အဖေဟာ
သားတို့သမီးတို့ အတွက်
အနှိုင်းမဲ့ လှတဲ့ ကျေးဇူးရှင်ကြီး ဖြစ်တယ်။ ။
ဥာဏကျော်
-
မြန်မာအသင်းဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၂ အာရှဖလား ယူ-၂၃ခြေစစ်ပွဲကျင်းပမည့်ပုံစံကို AFC ပြန်လည်အတည်ပြုမည်
-
လာမည့် ၂၀၂၁-၂၂ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို သြဂုတ်လ(၁၄)ရက်တွင် စတင်ပြီး မေလ(၂၂)ရက်တွင် အဆုံးသတ်မည်ဟု ပရီးမီးယားလိဂ်အဖွဲ့ချုပ် ကြေညာ
-
ဆိုးလ်ရှားကို တစ်နှစ်လစာပေါင်(၁၀)သန်းအထိ တိုးမြှင့်ပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် မန်ယူအသင်း စီစဉ်နေဟု ဗြိတိန်မီဒီယာများ ဖော်ပြ
-
ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဟာရီကိန်းကို ပွဲချိန်ပြည့်အသုံးပြုမည်မဟုတ်ဟု အင်္ဂလန်နည်းပြ ဆောက်ဂိတ် ပြောကြား
-
ရီးယဲလ်အသင်းတွင် ဘန်ဇီမာ၊ ဘေးလ်၊ စီရော်နယ်လ်ဒိုတို့၏ BBC တိုက်စစ်အတွဲကို ပြန်လည်မြင်တွေ့ရဖွယ်ရှိသည်ဟု AS ဖော်ပြ