ထမင်းတစ်နပ် ငြိမ်းချမ်းရမှာလား
24htopnews | March 20, 2024 2:39 PM CST
ရိုးသားတဲ့ထမင်းတစ်လုပ်အကြောင်း
ဝှီးချဲပေါ်ကလူများ စာလုံးမပေါင်းတတ်ဘူး။
ပြည့်ပြည့်စုံစုံ ထမင်းဝိုင်းအကြောင်း
ခြေထောက်တွေ စာလုံးမပေါင်းတတ်ဘူး။
အကျိုးအကြောင်း
ဟုတ်တယ်
အကျိုးအကြောင်း မညီညွှတ်တဲ့နိုင်ငံမှာ
လူဖြစ်တဲ့ကံကိုကတည်းက
‘မဟာအဝီစိ’ကို မက်မောတယ်လို့ ယောင်ရမ်းတမိ။
သူတို့က ဒုက္ခဆိုတာချိုနဲ့လားလို့ မေးတယ်။
ချမ်းသာသုခ ဆိုတာ ဘာလဲ
လူ ဆိုတာ ဘာလဲ
နိုင်ငံ ဆိုတာ ဘာလဲ
ဥပဒေ ဆိုတာ ဘာလဲ
ငြိမ်းချမ်းရေး ဆိုတာ ဘာလဲ
အစိုးရ ဆိုတာ ဘာလဲ
အမျိုးသားရေး ဆိုတာ ဘာလဲ
တစ်နိုင်ငံလုံးက ခြေထောက်တွေ ဘာမှမမေးဘူး။
ထစ်ဆို့အက်ကွဲမျှော်လင့်သံတွေနဲ့
‘ထမင်းတစ်နပ် ငြိမ်းချမ်းရမှာလား’
‘ကျောင်းတစ်ရက် တက်ခွင့်ရမှာလား’တဲ့။
ထက်လွင်
READ NEXT
-
ပြည်ပရောက်အလုပ်သမားများ၏လွှဲပို့ငွေ မပြနိုင်သည့် အေဂျင်စီ ၈၁ခု ကို အလုပ်ခေါ်စာအသစ် တင်ခွင့်ခေတ္တဆိုင်းငံ့
-
“ဝ”ဒေသ ဟိုပန်ခရိုင်အတွင်း ဖျော်ဖြေရေးလုပ်ငန်း၊ အနှိပ်ခန်း အပါအဝင် လုပ်ငန်း(၈)ခုတွင် လုပ်ကိုင်သူများအား ကူးစက် ရောဂါပိုးစစ်ဆေးမည်
-
ဒဏ်ရာပြဿနာကြောင့် အော်ဒီဂွါကို အချိန်တစ်ခုကြာလက်လွှတ်ရမည်ဟု အာတီတာ ဝန်ခံခဲ့ပြီး ဒီဘရိုင်းနားလည်း အာဆင်နယ်နှင့်ပွဲတွင် ပါဝင်နိုင်ရန် မသေချာ
-
နေမာ၏သတိပေးချက်သတင်းများ ထွက်ပေါ်နေမှုကို အမ်ဘာပေနှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း ပြောကြားပြီး ရိုဒရီဂို တုံ့ပြန်
-
အယ်လ်ဗာရက်ဇ်ကို အချိန်ပေးရမည်ဟု ဆီမြွန်နီ ဆို