Top News

အမေ
24htopnews | March 20, 2024 2:39 PM CST

တနင့်တပိုးနဲ့ မေတ္တာတွေ ထုပ်ပိုးပြီး
ညည ချော့ချော့သိပ်တယ်
အမေက ပိန်လာပေမယ့်
သားက မပိန်ဘူး။

အငတ်အပြတ် မေတ္တာတွေနဲ့
ရောဂါကင်းဖို့၊ ဗိုက်မနာဖို့
အမေ အစားရှောင်တယ်
အမေ ရောဂါ တိုးပေမယ့်
သားကကျန်းမာရေး ဒေါင်ဒေါင်မြည်။

သားရဲ့ အပြုံးနဲ့ သားရဲ့ ချစ်စရာ
မပီကလာ ပီကလာ စကားလေးတွေနဲ့
ရောဂါသန့်ရှင်း စိတ်ဝယ်ရှင်းပြီး
သားကြောင့်
အမေ့အလှတွေ တိုးတိုးလာတယ်။ ။

ချစ်ချစ်(ဟုမ္မလင်း)


READ NEXT
Cancel OK