Top News

လုံခြုံရေးအားနည်းတဲ့ရောဂါ
24htopnews | March 20, 2024 2:39 PM CST

ရေပူဖောင်းကို ရေအပြည့်ထည့်ပြီး
ဆူးလေတောထဲ ပစ်လှိမ့်လိုက်တယ်။

ဂျုံမုန့်ကို
ရေနဲ့လုံး၊ ပြား၊ ပါး ပါးလှီး။

အာလျတောမီး တုန့်နှေးသွားဖို့
ထိုးကျွေးလိုက်ရတဲ့ လောင်စာကအရင်းကြီးတယ်။

ရောဂါမျိုးစုံကို အကုန်ခံစားကြည့်ချင်တဲ့
စူးစမ်းမှုမျိုးလား။
အချိန်ကို ဆွဲမဆန့်နိုင်တော့
လျှာကို ခေါက်မထားနိုင်တော့
ဗိုက်ကို မှောက်မထားနိုင်တော့
လမ်းဘေးအစားအစာတွေခေါ်ဆောင်ရာ
လမ်းဘေးရောက်ကုန်တယ်။

လမ်းဘေးဆိုတာ
အိမ်ထဲလောက် မလုံခြုံဘူး
ခေတ်က အိမ်ထဲတောင် မလုံခြုံဘူးလေ။

မောင်ထိန်လင်း (မြို့သာ)


READ NEXT
Cancel OK