Top News

လယ်တီဒီပနီပေါင်းချုပ်
24htopnews | March 18, 2024 11:30 AM CST

သူတော်ကောင်းဥစ္စာ ရတနာ ၇-ပါးနှင့် လောကီဥစ္စာ ရတနာ ၇-ပါးကို နှိုင်းယှဥ်ရန်မှာ 

       -သဒ္ဓါသည် ပတ္တမြားနှင့် တူ၏။

       -သီလသည် ပုလဲနှင့် တူ၏။

       -သုတသည် သန္တာနှင့် တူ၏။

       -စာဂသည် ကြောင်မျက်ရွဲနှင့် တူ၏။

       -ဟီရိသည် ငွေနှင့် တူ၏။

       -သြတ္တပ္ပသည် ရွှေနှင့်တူ၏။

       -ပညာသည် စိန်နှင့်တူ၏။

ကိုးခန်းပျို့၌ ဟီရိကျောငွေ ၊ သြတ္တပ်ရွှေနှင့်၊နှံ့မွှေကြားပုံ၊ ခက်ရုံသန္တာ၊ သဒ္ဓါမျက်မြ၊သီလပုလဲ၊ စွန့်ကြဲဒါန ၊ စာဂ မဏိ ၊ဗုဒ္ဓိဝရဇိန်၊ တောက်ထိန်ခုနှစ်ပါး၊ ဥစ္စာများကို၊ ဟူ၍ စပ်ဆိုလေသည်။

ကျမ်းညွှန်း – လယ်တီဒီပနီပေါင်းချုပ်


READ NEXT
Cancel OK