အံ့ၾသစရာ…..
24htopnews | March 18, 2024 11:30 AM CST
ရှုံးနေလျက်နဲ့
နိုင်တယ်ထင်နေတာ အံ့သြစရာ . . . ။
ယူနေလျက်နဲ့
ပေးတယ်ထင်နေတာ အံ့သြစရာ . . . ။
စွန့်လွှတ်နေရလျက်နဲ့
ပိုင်ဆိုင်တယ်ထင်နေတာ အံ့သြစရာ . . . ။
ငြင်းဆန်နေလျက်နဲ့
လက်ခံတယ်ထင်နေတာ အံ့သြစရာ . . . ။
ထုံထိုင်းနေလျက်နဲ့
လန်းဆန်းတယ်ထင်နေတာ အံ့သြစရာ . . . ။
ကြွေနေလျက်နဲ့
ဝေနေတယ်ထင်နေတာ အံ့သြစရာ . . . ။
အိုနေလျက်နဲ့
ပျိုတယ်ထင်နေတာ အံ့သြစရာ . . . ။
နာနေလျက်နဲ့
မနာဘူးထင်နေတာ အံ့သြစရာ . . . ။
သေနေတာတွေ တွေ့နေလျက်နဲ့
မသေတော့ဘူးထင်နေတာ အံ့သြစရာ . . . ။
မတင့်တယ်လျက်နဲ့
တင့်တယ် တယ်ထင်နေတာ အံ့သြစရာ . . . ။
ပညာမဲ့နေလျက်နဲ့
ပညာရှိတယ်ထင်နေတာ အံ့သြစရာ . . . ။
အံ့သြစရာ အထင်အမြင်တွေ
ကိုယ့်သန္တာန် စိတ်ရင်ပြင်မှာ
မကြာ မကြာ ရောက်လာနေသေးတာ အံ့သြစရာ . . . ။
မြသန်းစံ
READ NEXT
-
ပြည်ပရောက်အလုပ်သမားများ၏လွှဲပို့ငွေ မပြနိုင်သည့် အေဂျင်စီ ၈၁ခု ကို အလုပ်ခေါ်စာအသစ် တင်ခွင့်ခေတ္တဆိုင်းငံ့
-
“ဝ”ဒေသ ဟိုပန်ခရိုင်အတွင်း ဖျော်ဖြေရေးလုပ်ငန်း၊ အနှိပ်ခန်း အပါအဝင် လုပ်ငန်း(၈)ခုတွင် လုပ်ကိုင်သူများအား ကူးစက် ရောဂါပိုးစစ်ဆေးမည်
-
ဒဏ်ရာပြဿနာကြောင့် အော်ဒီဂွါကို အချိန်တစ်ခုကြာလက်လွှတ်ရမည်ဟု အာတီတာ ဝန်ခံခဲ့ပြီး ဒီဘရိုင်းနားလည်း အာဆင်နယ်နှင့်ပွဲတွင် ပါဝင်နိုင်ရန် မသေချာ
-
နေမာ၏သတိပေးချက်သတင်းများ ထွက်ပေါ်နေမှုကို အမ်ဘာပေနှင့် ဆက်ဆံရေးကောင်းမွန်ကြောင်း ပြောကြားပြီး ရိုဒရီဂို တုံ့ပြန်
-
အယ်လ်ဗာရက်ဇ်ကို အချိန်ပေးရမည်ဟု ဆီမြွန်နီ ဆို