Top News

ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ် ဖြစ်နေတာကို သိဖို့ သိပ်ပြီး အရေးကြီးပါတယ်
24htopnews | March 18, 2024 11:30 AM CST

ကိုယ့်ရင်ထဲမှာ အကူသိုလ်စိတ်
ဖြစ်နေတာကို မသိတဲ့သူက ယုတ်ညံ့ပြီး
သိတဲ့သူက မြတ်ပါတယ်တဲ့။
ပုထုဇဉ် အားလျော်စွာ အကုသိုလ် မျိုးစုံတော့
ရှိကြဖြစ်ကြမှာပါပဲ။

ဒါပေမယ့် ကိုယ့်ရင်ထဲမှာ အကုသိုလ် ရှိနေတာ
ဖြစ်နေတာကို သိနေတာကိုက
ကိုယ်က မြတ်တဲ့သူ စာရင်းထဲမှာ ပါနေပါပြီ။

ဒီတော့ အကုသိုလ် ဖြစ်တာချင်း အတူတူ
ကိုယ်က သိနေတဲ့အတွက် ကိုယ်က သူများထက်
တစ်ပန်းသာနေပါပြီ။

ဒါကြောင့် ကိုယ့်ရင်ထဲမှာ အကုသိုလ်စိတ်
ဖြစ်နေတာကိုသိဖို့ သိပ်ပြီး အရေးကြီးပါတယ်။
သိအောင်လည်း ကြိုးစားရပါတယ်။ သိချင်ရင် သိပါတယ်။
မသိချင်ရင် မသိပါဘူး။

တကယ်သိချင်ရင် သတိထားကြည့်ရင် သိတာပါပဲ။
ဒါကြောင့် ကိုယ့်ရင်ထဲမှာ အကုသိုလ် ရှိ မရှိ
ပြန်ပြန်ကြည့်ပေးရပါမယ်။

ပယ်နိုင်တာ၊ မပယ်နိုင်တာ ခဏထားလိုက်ပါဦး။
သိလိုက်ရင်ပဲ ကိုယ်ကမြတ်တဲ့သူ ဖြစ်ပေါပြီ။

အရှင်ရာဇိန္ဒ – ရဝေနွယ် (အင်းမ)


READ NEXT
Cancel OK