Top News

မြို့ပြ
24htopnews | March 18, 2024 11:30 AM CST

တိတ်ဆိတ်မှုတွေပျောက်ဆုံး
ညတွေလည်း အမှောင်တွေဖုံးလို့
ဒီလမ်းတွေရဲ့ထက်မှာ
မပီပြင်မှုတွေ အများသားပါလား …။

လျှောက်လှမ်းနေတဲ့လူသားတွေက
လက်ထဲမှာ အတ္တကိုယ်စီတွေနဲ့
ဒီမြို့ ပြရဲ့ထက်မှာ …။

ပြိုင်ဆိုင်မှုတွေအလီလီနဲ့မို့
အဖြူရောင်နှလုံးသားတွေ
အရောင်ဆိုးခံခဲ့ရ …။

ပန်းဝင်သူတွေရှိတယ်
ကျရှုံးသူတွေရောပဲ
တချို့ကတော့ ကြိုးစားဆဲ
တချို့တွေကတော့
လက်ပြနှုတ်ဆက်သွားကြတယ်
ဒါက အဆန်းမှမဟုတ်ဘဲ
ဒီမြို့ ပြနဲ့ လောကဓံရဲ့ ဖြစ်ရိုးဖြစ်စဉ်တိုက်ပွဲ …။

အစိမ်းရောင်သန်းနေတဲ့
ပတ်ဝန်းကျင်တချို့မှာ
ဒေါသတွေ တလှုပ်လှုပ်နဲ့ …။

ရှင်သန်ဖို့ကြိုးစားနေတဲ့
ရိုးသားခြင်းတွေက
ဒီမြို့ ပြအတွက်
ကန့်သတ်နယ်မြေဖြစ်လာတယ် …။

ဒီလိုနဲ့ပဲ …။
ဒီမြို့ ပြရဲ့ လမ်းမတွေဘက်မှာ
တချို့အနာဂတ်တွေတောက်ပဖို့
သစ္စာဖောက်ခံခဲ့ရတယ် …။

ခန့်လူ (စစ်ကိုင်း)


READ NEXT
Cancel OK